ဇာတ်ကားများ ရွေးရန်

Bring Me Home

2019ဇာတ်ကားအမှတ် 7.3/10108 မိနစ်

Bring Me Home (2019) ဒီတစ်ခေါက်မှာတော့ ချန်ဂင်မင်းသမီးအဖြစ် ပရိသတ်တွေ အားလုံးသိထားကြတဲ့ မင်းသမီးကြီး Lee Young-Ae ရဲ့ ဆု ၃ ဆု ရရှိထားခဲ့တဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကတော့ မင်းသမီးကြီး Lee Young-Ae အပါအဝင် ဝါရင့်သရုပ်ဆောင်ကြီးများ ဖြစ်ကြတဲ့ "When Life Gives You Tangerines" မှ မင်းသားကြီး Park Hae-Joon ၊ "No Way Out: The Roulette " မှ Yoo Jae-Myung ၊ မင်းသားချောလေး Lee Won Keun တို့အပြင် ပရိသတ်ကြီးတို့နဲ့ မစိမ်းတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ ၆ နှစ်ကြာ ပျောက်ဆုံးနေတဲ့ သားလေးကို မျှော်လင့်ချက်မလျှော့ဘဲ ရှာဖွေနေတဲ့ မိခင် ဂျောင်ယွန်းတစ်ယောက် တစ်နေ့မှာတော့ သားနဲ့ ရုပ်ရည်ဆင်တူပြီး အမာရွတ်ပါ တူနေတဲ့ ကလေးတစ်ယောက်ကို ရွာတစ်ရွာမှာ တွေ့ခဲ့တယ်ဆိုတဲ့ သတင်းရလာပါတော့တယ်။ သားဖြစ်သူကို ရှာဖွေဖို့ အဲဒီ ရွာလေးကို ရောက်သွားတဲ့အခါမှာတော့ ရွာသားတွေနဲ့ ရဲတွေက ကလေးကို မတွေ့ဖူးကြောင်းပဲ ပြောနေကြပြီး သူ့ကို မလိုလားသလို ဆက်ဆံခဲ့ကြပါတယ်။ သံသယဝင်စရာကောင်းနေတဲ့ ရွာသားတွေရဲ့ အပြုအမူကြောင့်ပဲ ဂျောင်ယွန်းတစ်ယောက် အမှန်တရားကို မရမက ဖော်ထုတ်ဖို့ ကြိုးစားရင်း မထင်မှတ်ထားတဲ့ အမှောင်ဖုံးလွှမ်းနေတဲ့ အဖြစ်မှန်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့ .... မိခင်တစ်ယောက်ရဲ့ သားအပေါ် လက်မလျှော့တဲ့ ယုံကြည်မှုနဲ့ လူတွေရဲ့ တိတ်ဆိတ်မှု၊ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို တဖြည်းဖြည်းဖော်ထုတ်သွားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်လို့ ကြည့်ရှုခံစားပေးပါဦးနော် ။ File size…1.63GB / 750MB Quality… BluRay 1080p/ 720p Format…mp4 Duration….1 hr. 48 min. Genre ….. Thriller , Crime, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း