Sunshine Women's Choir
အတိတ်မှာ ပြုခဲ့မိတဲ့အမှားတွေကြောင့် ကိုယ့်ဘဝကိုယ် ပြန်စဖို့မျှော်လင့်ချက်မရှိတော့တဲ့ အမျိုးသမီးတွေ… သူတို့အားလုံးကို တစ်နေရာတည်းမှာ ဆုံစည်းပေးလိုက်တာကတော့ “သီချင်း” တစ်ပုဒ်ပါပဲအကျဉ်းထောင်ထဲမှာ နေ့ရက်တွေကို ဖြတ်သန်းနေရတဲ့ အမျိုးသမီးအကျဉ်းသူတွေအတွက် လွတ်လပ်ခွင့်ဆိုတာ အိပ်မက်တစ်ခုလိုပါပဲ…အဲဒီထဲမှာ လီဟွေ့ကျန်းဆိုတဲ့ အကျဉ်းသူတစ်ယောက်ကတော့ ထောင်ထဲမှာပဲ သမီးလေး ယွင်ရှီးကို မွေးဖွားခဲ့ရပြီး သမီးလေးရဲ့ ဘယ်ဘက်မျက်စိမှာ မွေးရာပါအတွင်းတိမ်ရှိနေကြောင်း သိလိုက်ရပါတယ်… အချိန်မီ မကုသနိုင်ရင် အမြင်အာရုံထိခိုက်သွားနိုင်တာကြောင့် ဟွေ့ကျန်းအနေနဲ့ သမီးလေးအတွက် အခက်ခဲဆုံးဆုံးဖြတ်ချက်တစ်ခုကို ချရပါတော့တယ် သမီးလေးကို ပိုကောင်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းစေချင်တာကြောင့် မွေးစားမိသားစုတစ်ခုဆီ ပို့ပေးဖို့ ဆုံးဖြတ်လိုက်တဲ့ ဟွေ့ကျန်းဟာ သမီးလေးနဲ့ မခွဲခင် နောက်ဆုံးအမှတ်တရတစ်ခု ဖန်တီးပေးချင်ခဲ့ပါတယ်…အဲဒီကနေ အကျဉ်းသူအမျိုးသမီးတွေ စုပေါင်းပြီး “ယန်ကွမ်းအမျိုးသမီး သံစုံတေးဂီတအဖွဲ့” ကို ဖွဲ့စည်းဖို့ ကြိုးစားကြပါတော့တယ် အစပိုင်းမှာတော့ အကျဉ်းသူတွေဟာ အကျင့်စရိုက်အတိတ်နဲ့ ရည်ရွယ်ချက်တွေ မတူကြတာကြောင့် အချင်းချင်း မကြာခဏ ရန်ဖြစ်ကြပေမဲ့ သီချင်းတွေကို အတူတူလေ့ကျင့်ရင်း တဖြည်းဖြည်းနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်လာကြပါတယ်…သူတို့အတွက် သံစုံတေးဂီတအဖွဲ့ဆိုတာ ဖျော်ဖြေဖို့အတွက်သာမဟုတ်ဘဲ အတိတ်က အမှားတွေကို ရင်ဆိုင်ပြီး ဘဝကို ပြန်စတင်ဖို့ မျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ သမီးလေးနဲ့ ခွဲခွါရမဲ့အချိန် နီးကပ်လာတာနဲ့အမျှ ဟွေ့ကျန်းရဲ့ စိတ်ထဲမှာတော့ နာကျင်မှုတွေ ပိုများလာခဲ့ပါတယ်…ဒီအမျိုးသမီးတွေဟာ သူတို့ရဲ့အတိတ်ကို ပြန်ပြင်လို့မရတော့ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မေတ္တာပေးနိုင်သေးတယ်ဆိုတာကို သီချင်းတွေနဲ့ သက်သေပြလာကြပါတယ်နောက်ဆုံးမှာတော့ သူတို့ရဲ့ “နေရောင်ခြည်” သီချင်းသံက အကျဉ်းထောင်ရဲ့ နံရံတွေကို ကျော်လွန်ပြီး သူတို့ဘဝမှာ မျှော်လင့်ချက်အသစ်တစ်ခု ဖြစ်လာနိုင်ပါ့မလား… ဟွေ့ကျန်းနဲ့ သမီးလေးတို့ရဲ့ နောက်ဆုံးအချိန်တွေမှာ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင် Filesize : 1.95 GB / 1.06 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama Runtime : 2h 15 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း