ဇာတ်ကားများ ရွေးရန်

Portrait of a Family

2026ဇာတ်ကားအမှတ် 6.5/10110 မိနစ်

Portrait of a Family (2026) IMDb Rating (6.5) ဟွာထူကစားနည်းမှာ တစ်ကတ်တည်းရှိနေရင် အားအနည်းဆုံးဆိုပေမဲ့ "ဂွမ် ၅ ချပ်" ဆိုတဲ့ အားအကောင်းဆုံး အတွဲအစပ် ပြည့်စုံလာနိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ဖဲချပ် "ဘီဂွမ်"... ထိုနည်းတူပဲ "တစ်ဦးတည်းဆိုရင် ဘယ်လောက်ပဲ အသုံးမကျပါဘူးလို့ ထင်မြင်ရပါစေဦးတော့ အတူတကွ စည်းလုံးလိုက်တဲ့အခါ တစ်ဦးအတွက်တစ်ဦး မရှိမဖြစ်တဲ့ အလင်းရောင်လေး ဖြစ်လာနိုင်ပါတယ်"ဆိုတဲ့ မက်ဆေ့ချ်လေးကို ပေးထားတဲ့ ရုံတင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Main Cast တွေအနေနဲ့ Moving ထဲက မင်းသားကြီး Ryu Seung-Ryong , Climax ထဲက မင်းသမီး Ha Ji-Won နဲ့ If Wishes Could Kill ထဲက Kim Sia တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဘေ့စ်ဘောလောကရဲ့ ကြယ်ပွင့် ဟွမ်ဂျွန်ဂူ (Ryu Seung-Ryong) နဲ့ ထိပ်တန်းမင်းသမီး နမ်မီ (Ha Ji-Won) တို့ဟာ လူတိုင်း အားကျရတဲ့ ခမ်းခမ်းနားနား ဘဝကို ပိုင်ဆိုင်ထားကြတဲ့ ဇနီးမောင်နှံတွေ ဖြစ်ကြပေမဲ့လည်း ဂျွန်ဂူ့မှာ ဖုံးကွယ်ထားတဲ့ သမီးလေး ဟွမ်ဒုံဂျူ (Kim Sia) ရှိနေကြောင်း သတင်းတက်လာချိန်မှာတော့ သူတို့ရဲ့ အိမ်ထောင်လည်း ပြိုကွဲသွားသလို နာမည်ဂုဏ်သတင်းတွေလည်း ပျက်ပြားသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ၈ နှစ်ကြာပြီးနောက်... ဝူရင်းချောင်းမှာ အလယ်တန်းကျောင်းသူ တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး အဓိက သံသယရှိသူကလည်း တခြားသူမဟုတ်ဘဲ ဒုံဂျူဖြစ်နေပါတော့တယ်။ တစ်ဖက်မှာလည်း နမ်မီက... လွန်ခဲ့တဲ့ ၈ နှစ်က သူတို့ကို ပြိုလဲကျဆင်းစေခဲ့တဲ့ ရေစက်ဆိုးက လက်ရှိအထိ ဆက်လက်လွှမ်းမိုးထားဆဲဆိုတာကို သိရှိလိုက်ရတဲ့အခါ... ဒုံဂျူတို့ မိသားစု လွန်ခဲ့တဲ့ ၈ နှစ်က အရှုပ်တော်ပုံရဲ့ နောက်ကွယ်က အမှန်တရားနဲ့ အရင်ကလို အလင်းရောင်ကို ပြန်လည် ရှာဖွေတွေ့ရှိနိုင်သွားကြမလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ File Size : 1.79GB/ 840MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 50m Genre :Crime, Family, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း