ဇာတ်ကားများ ရွေးရန်

Night Flight

2014ဇာတ်ကားအမှတ် 6.9/10134 မိနစ်

Night Flight (2014) အခုတစ်ခေါက်မှာတော့ ဆယ်ကျော်သက်လူငယ်အများစု ရင်ဆိုင်ခဲ့ဖူးကြတဲ့ ကျောင်းတွင်း အနိုင်ကျင့်မှု၊ သူငယ်ချင်းဆက်ဆံရေး ပျက်ပြားမှုတွေကို ရိုက်ပြထားတဲ့ Youth Drama ဇာတ်လမ်းအမျိုးအစားလေး Night Flight ကို တင်ဆက်ပေးချင်ပါတယ် ။ သရုပ်ဆောင်တွေအနေနဲ့ မင်းသား Kwak Si Yang, မင်းသား Lee Jae Joon, မင်းသား Choi Joon Ha တို့နဲ့အတူ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ် ။ ဇာတ်လမ်းအညွှန်း ဂီအွန်း (Lee Jae Joon) ဂီထက် (Choi Joon Ha) နဲ့ ယုံးဂျူ (Kwak Si Yang) တို့ သုံးယောက်ဟာ အလွန်အင်မတန် ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေပါ။ တစ်နေ့မှာတော့ ဂီအွန်းတစ်ယောက် အဖွဲ့ကနေထွက်သွားခဲ့ပြီး ကျောင်းသားအချင်းချင်း အနိုင်ကျင့်တဲ့ ကျောင်းတွင်းလူမိုက်ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ကာ .. တစ်ချိန်က သူငယ်ချင်းရင်းချာ ဖြစ်ခဲ့ဖူးတဲ့ ဂီထက်မှာလည်း ကိုယ်တိုင်က အဲဒီအနိုင်ကျင့်မှုတွေကို အဆိုးရွားဆုံး ခံရသူတစ်ယောက် ဖြစ်လာပါတော့တယ် .. ဒီလို အခြေအနေတွေကြားထဲမှာမှ ယုံးဂျူကတော့ နည်းမျိုးစုံနဲ့ ဂီအွန်း ကို လက်လွတ်မခံဘဲ အရင်လိုဆက်ဆံရေးမျိုး ပြန်ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားနေခဲ့ရာမှ သူရဲ့ လိင်စိတ်တိမ်းညွန့်မှု လျှို့ဝှက်ချက် ပေါက်ကြားသွားခဲ့ပြီး သူကပါ အနိုင်ကျင့်မှုရဲ့သားကောင် ဖြစ်သွားခဲ့တဲ့အခါမှာတော့ .. လူငယ်တွေအနေနဲ့ သူတို့ရဲ့ အတွင်းစိတ်ထဲမှာ ကိုယ်တိုင်ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ ကိုယ်ပိုင်အရှုပ်အထွေးတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကို ဘယ်လိုဖြေရှင်းသွားမလဲ .. သိပ်ချစ်ကြတဲ့ သူငယ်ချင်း ၃ ယောက်ကရော ပြန်လည် အဆင်ပြေသွားကြမလားဆိုတာကို Night Flight ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါဦးနော် .. (မသင့်လျော်သော ဇာတ်ဝင်ခန်းများပါဝင်လို့ မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါ) File size…1.65GB / 750MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 14 min. Genre ….. Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း