The Ogre's Bride
The Ogre's Bride (2026) "မင်းကို ကိုယ်ရှာတွေ့သွားပြီ... ကိုယ့်ရဲ့သတို့သမီး" J-Drama နဲ့ Fantasy Romance အငွေ့အသက်လေးတွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် အသစ်ထွက်ရှိထားတဲ့ ဂျပန်ဇာတ်ကားလေး "Oni no Hanayome" ကို တင်ဆက်ပေးလိုက်ပါပြီ။ မိသားစုရဲ့ ဖိနှိပ်မှုကို ခံရပြီး အချစ်မခံရတဲ့ ကောင်မလေးတစ်ယောက်ကနေ နတ်ဆိုးမျိုးနွယ်စုခေါင်းဆောင်ရဲ့ သတို့သမီးလေး ဖြစ်လာတဲ့အခါ ဘယ်လိုတွေ ရင်ခုန်စရာကောင်းမလဲဆိုတာ ရှုစားရမှာပါ။ ဇာတ်လမ်းကတော့ ... လူသားတွေနဲ့ အာယာကာရှီလို့ခေါ်တဲ့ သဘာဝလွန်စွမ်းအားရှင်တွေ အတူယှဉ်တွဲနေထိုင်တဲ့ ကမ္ဘာတစ်ခုမှာ အခြေတည်ထားပါတယ်။ ဒီအာယာကာရှီတွေဟာ လူသားတွေထဲကနေ သူတို့ရဲ့ သတို့သမီးကို ရွေးချယ်လေ့ရှိကြပြီး တစ်ခါရွေးချယ်ပြီးသွားရင် တစ်သက်လုံး အဲဒီသတို့သမီးကိုပဲ သီးသန့်ချစ်မြတ်နိုးတတ်ကြတဲ့ အချစ်ကြီးသူတွေပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ယုဇုကတော့ ငယ်ငယ်ကတည်းက မိသားစုရဲ့ ဂရုစိုက်ချစ်ခင်မှုကို မရခဲ့ဘဲ ဖိနှိပ်ခံဘဝနဲ့ ကြီးပြင်းလာခဲ့ရသူပါ။ တစ်နေ့မှာတော့ သူဟာ အာယာကာရှီတွေရဲ့ ထိပ်ခေါင်ဖြစ်တဲ့ "အိုနီ" မျိုးနွယ်စုရဲ့ နောက်ဆက်ခံမယ့်ခေါင်းဆောင် ရဲအိယာနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပြီး အဲဒီအချိန်မှာပဲ ရဲအိယာက ယုဇုကို သူ့ရဲ့ သတို့သမီးအဖြစ် ရုတ်တရက် ရွေးချယ်လိုက်ပါတော့တယ်။ ဖိနှိပ်ခံဘဝကနေ နေ့ချင်းညချင်း အချစ်ခံရတဲ့ သတို့သမီးလေးဖြစ်လာတဲ့အခါ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုတွေ ဒရာမာဆန်ဆန် ပြောင်းလဲသွားမလဲ ... ဂျပန် Romance ကားတွေရဲ့ ထုံးစံအတိုင်း အလှအပတွေ၊ fantasy ဆန်ဆန် ရိုက်ချက်တွေနဲ့အတူ ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို သေသေချာချာ ပုံဖော်ပေးထားတဲ့ ဇာတ်ကားကောင်းလေးမို့ အချိုများများ အချစ်ကားလေးတွေမှ စောင်ကိုက်ကြည့်ချင်သူတွေအတွက် အခုပဲ ဒေါင်းကြည့်လိုက်ကြဖို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…1.70GB / 745MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 2 min. Genre ….. Romance, Life, Fantasy Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း