Inuyashiki
Inuyashiki (2018) Action နဲ့ Sci-Fi အကြမ်းစား ဇာတ်ကားကောင်းလေးတွေ မျှော်နေတဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ ဂျပန် Superhero ဇာတ်ကားပေမဲ့ လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားကို အက်မင်က တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာ အထူးခြားဆုံးကတော့ ကျွန်တော်တိုရဲ့ အချစ်တော် Rurouni Kenshin မင်းသားချော Takeru Satoh ပါဝင်ထားပြီး၊ ပုံမှန် မြင်နေကျ ဟီးရိုးပုံစံမဟုတ်ဘဲ စိတ်အေးအေးနဲ့ လူသတ်တတ်တဲ့ ဗီလိန်နေရာကနေ အမိုက်စား သရုပ်ဆောင်ထားတာပါပဲ။ ဇာတ်လမ်းကတော့ အလုပ်မှာရော အိမ်မှာပါ အရာမဝင်ဘဲ အဖိနှိပ်ခံနေရတဲ့ အသက်လတ်ပိုင်းအရွယ် သာမန် ရုံးဝန်ထမ်း အဘိုးကြီးကနေ စတင်ထားပါတယ်။ တစ်နေ့မှာတော့ သူဟာ ဂြိုဟ်သားတွေနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ရာကနေ အကန့်အသတ်မရှိတဲ့ စွမ်းအားတွေနဲ့ ဂြိုဟ်သားနည်းပညာတွေကို ပိုင်ဆိုင်သွားပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာက အဲဒီနေရာမှာတင် ရပ်မနေခဲ့ပါဘူး။ အဘိုးကြီးနဲ့အတူတူ အဲဒီနေရာမှာရှိနေတဲ့ ဆယ်ကျော်သက် ကောင်လေး ဟီရိုဟာလည်း အဲဒီစွမ်းအားတွေကို ရရှိသွားခဲ့ပါတယ်။ ပြဿနာက စွမ်းအားတူပေမဲ့ ခံယူချက်မတူတဲ့အခါ... အဘိုးကြီးက အကူအညီတောင်းနေတဲ့ အသံတွေကိုနားထောင်ပြီး လူတွေကို လိုက်ကယ်တင်ချင်နေချိန်မှာ၊ ကောင်လေးကတော့ သူ့စွမ်းအားတွေကို သုံးပြီး အကြောင်းမဲ့ လူသတ်ပွဲတွေ ဆင်နွှဲပါတော့တယ်။ ဒီလိုနဲ့ လူသားတွေကို ကယ်တင်ချင်တဲ့ အဘိုးကြီး နဲ့ ဖျက်ဆီးချင်တဲ့ လူငယ်လေးတို ထိပ်တိုက်တွေ့တဲ့အခါ... ဘယ်လောက်တောင် အက်ရှင်ခန်းတွေ ကြမ်းမလဲ၊ ဘယ်သူက အနိုင်ရမလဲဆိုတာကို ရင်တမမနဲ့ ရှုစားရမှာပါ။ အက်ရှင်တွေကြည့်ရမဆိုးသလို၊ Drama, Thriller နဲ့ Mystery ရသစုံကိုပါ ခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို ခုပဲ ရှုစားလိုက်ကြပါဦးစို။ File size…1.61GB / 792MB Quality… BluRay 1080p/ 720p Format…mp4 Duration….2 hr. 7 min. Genre ….. Action, Thriller, Mystery, Sci-Fi Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း