ဇာတ်ကားများ ရွေးရန်

Kes

1970ဇာတ်ကားအမှတ် 7.4/10111 မိနစ်

Kes (1969) ဒီဇာတ်ကားလေးတော့ Broken Family တစ်ခုမှာ ကြီးပြင်းလာရတဲ့ ကောင်လေးတစ်ယောက်ကို အလှပဆုံး သရုပ်ဖော်တင်ဆက်ထားတဲ့ ၉၀ ရာစု ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကက်စပါ ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ အမေဖြစ်သူနဲ့ အစ်ကိုဖြစ်သူတိုနဲ့အတူ နေထိုင်ရပြီး အဖေကတော့ တာဝန်မဲ့စွာ အိမ်က ထွက်သွားပြီး ပြန်မလာတော့ပါဘူး။ အမေဖြစ်သူကလည်း နေ့စားလုပ်ရသလို အစ်ကိုဖြစ်သူကလည်း အရွယ်နဲ့မမျှအောင် သတ္တုတွင်းမှာ အလုပ်လုပ်ရတဲ့အတွက် တစ်နေ့ တစ်နေ့ အိမ်မှာ တစ်ယောက်နဲ့ တစ်ယောက် ရန်တွေသတ်၊ ဆူဆူပူပူနဲ့ ပင်ပန်းဆင်းရဲစွာ ဖြတ်ကျော်ကြရပါတယ်။ ဒါကြောင့် ကက်စပါဟာ ကျောင်းစာမှာလည်း စိတ်မဝင်စား၊ ဘယ်သူ ဘာပြောပြော ပြန်မပြော နားမထောင် ထုံပေပေနဲ့ ဘဝကို ဖြတ်သန်းနေရရှာတဲ့ ကလေးပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ကက်စပါဟာ သိမ်းငှက်ပေါက်စလေးတစ်ကောင်ကို အသိုက်တစ်ခုကနေ ရှာတွေ့ခဲ့ပြီး အဲဒီသိမ်းငှက်လေးကို လေ့ကျင့်သင်ကြားပေးဖို့ ကြိုးစားရာကနေ သူ့ဘဝမှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ ပျော်ရွှင်မှုတစ်ခုကို ရှာတွေ့လာခဲ့ပါတယ်။ ဒီတော့ ကက်စပါနဲ့ ဒီသိမ်းငှက်လေးတို့ သူတို့ရဲ့ နှစ်ယောက်တည်းကမ္ဘာကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာကို ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း