My Happy Ending
ဂျူလီယာရော့သ်ဟာ တစ်ချိန်က ဟောလီးဝုဒ်မှာ နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ အခုတော့ အောင်မြင်မှုတွေ လျော့နည်းလာတဲ့အပြင် အူမကြီးကင်ဆာလည်း ဖြစ်နေပါတယ်။ ဒီအကြောင်းကို သူ့မန်နေဂျာတစ်ယောက်ပဲ သိထားပြီး သားသမီးတွေကိုတောင် မပြောရသေးပါဘူး။ မကြာခင်မှာ သမီးဖြစ်သူရဲ့ မင်္ဂလာပွဲကလည်း ရှိနေသေးတယ်။ ဆရာဝန်ညွှန်းပေးတဲ့ လန်ဒန်မြို့အပြင်ဘက်က ဆေးခန်းလေးကို ကီမိုဆေးသွင်းဖို့ ရောက်လာတဲ့အခါ ဂျူလီယာဟာ တခြားကင်ဆာဝေဒနာရှင် အမျိုးသမီးသုံးယောက်နဲ့ တစ်ခန်းတည်း နေရပါတယ်။ အစပိုင်းမှာ အချင်းချင်း အနည်းငယ်အဆင်မပြေကြပေမယ့် နောက်တော့ ပြေလည်သွားကြတယ်။ ဂျူလီယာ့ရောဂါက အဆင့်လေးအထိ ရောက်နေပြီး သူတို့ထဲမှာ အခြေအနေအဆိုးဆုံးပါ။ ကျန်တဲ့သုံးယောက်မှာ ဆေးသွင်းရတဲ့ ဝေဒနာကို သက်သာစေဖို့ စိတ်ကူးထဲကနေ အားလပ်ရက်ခရီးထွက်တမ်း ကစားကြတဲ့ အလေ့အထလေးရှိတယ်။ ဂျူလီယာ့ကိုလည်း ကစားနည်းပြပေးပြီး အတူတူ စိတ်ကူးနဲ့ ခရီးထွက်ကြပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက် ပြောဖြစ်ကြရင်း ဂျူလီယာဟာ သူ့ရောဂါအခြေအနေနဲ့ လက်ကျန်အချိန် နည်းလာတာကို ပိုသတိထားမိလာတယ်။ ပြင်းထန်တဲ့ ကီမိုကုထုံးကို ခံယူရင်း အသက်ရှင်ချိန် ပိုရအောင် ကြိုးစားမှာလား၊ ကျန်တဲ့အချိန်ကို ချစ်ရသူတွေနဲ့ ကိုယ့်ဆန္ဒအတိုင်း ပျော်ပျော်ရွှင်ရွှင် နေထိုင်မှာလားဆိုတဲ့ မေးခွန်းတွေ သူ့ရှေ့မှာ ရှိလာပါတယ်။ ဒီအဖြစ်အပျက်တွေကို တစ်ရက်တည်း၊ တစ်နေရာတည်းမှာ ဖြစ်ပျက်တဲ့ ဇာတ်လမ်းအဖြစ် ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကြောင်း