The Pupil
De pupil (2025) ဘောလုံးနည်းပြတစ်ဦးနဲ့ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ကြားက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု (Grooming) ပြဿနာတွေကို ဖော်ပြထားတဲ့ လူမှုရေးဒရမ်မာ (Social Drama) အမျိုးအစား ဒတ်ခ်ျ (Dutch)ရုပ်ရှင်ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ဘောလုံးလောကမှာ အနာဂတ်ကောင်းကို ပိုင်ဆိုင်ဖို့ မျှော်လင့်ချက်အပြည့်နဲ့ လျှောက်လှမ်းနေတဲ့ အသက် ၁၂ နှစ်အရွယ် ကလေးငယ်လေးတစ်ဦး အကြောင်းကနေ စတင်ထားတာပါ။ တစ်နေ့မှာတော့ သူ့ကို အမြဲ လမ်းပြသင်ကြားပေးနေတဲ့ နည်းပြဖြစ်သူရဲ့ မတရားတဲ့ လုပ်ရပ်တစ်ခုနဲ့ ကြုံတွေ့လိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ ဘဝတစ်ခုလုံး ပြောင်းပြန်လှန်သွားပါတော့တယ်။ ဒီကိစ္စကြီး ပေါ်ထွက်လာတဲ့အခါ အပြစ်မရှိတဲ့ ကလေးငယ်ဟာ အမှန်တရားကို ဖော်ထုတ်ရမယ့်အစား ပတ်ဝန်းကျင်ရဲ့ ရက်စက်ပြီး မျက်ကန်းဆန်တဲ့ တုံ့ပြန်မှုတွေ၊ အရှက်တရားနဲ့ အထီးကျန်ဆန်မှုတွေကို တစ်ယောက်တည်း ရင်ဆိုင် ရုန်းကန်လာရပါတော့တယ်။ လူ့အသိုင်းအဝိုင်းရဲ့ အမှောင်ဘက်ခြမ်းနဲ့ အားနွဲ့သူတွေအပေါ် သက်ရောက်တဲ့ ဖိအားတွေကို ကြည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း