Renegade Immortal: Battle of the Immortal Slayer
တရုတ် 3D Donghua (Animation) လောကမှာ ကြည့်ရှုသူအများဆုံးနဲ့ အကြမ်းဆုံးဇာတ်လိုက်အဖြစ် နာမည်ကြီးတဲ့ "ဝမ်လင်" (Wang Lin) ရဲ့ အမိုက်စား တိုက်ပွဲကြီးတစ်ခုကို မြင်တွေ့ရမယ့် "Renegade Immortal: Battle of the Immortal Slayer" (仙逆剧场版:弑仙之战) ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားဟာဆိုရင် "Xian Ni" (仙逆) စီးရီးရဲ့ သုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ (၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ) Tencent ကနေ အထူးထုတ်လွှင့်ပြသမယ့် Movie ဖြစ်ပါတယ်။ ဇာတ်လိုက်ဖြစ်သူ ဝမ်လင် ဟာ သူ့ထက် အဆင့်များစွာမြင့်တဲ့ ရန်သူကို အသက်နဲ့ရင်းပြီး ဘယ်လို အံတုတိုက်ခိုက်သွားမလဲဆိုတာကို ရုပ်ထွက် (CGI) အမိုက်စားတွေနဲ့ ရှုစားရမယ့် Epic Xianxia ကားကြီးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း >>> မိုးကြိုးနတ်ကမ္ဘာ ထဲမှာ ကျင့်ကြံခြင်းတွေ ပြုလုပ်နေတဲ့ ဝမ်လင် ဟာ မထင်မှတ်ဘဲ သူနဲ့ ရန်ငြိုးကြီးမားလှတဲ့ သွေးဘိုးဘေး ရဲ့ အသည်းအသန် လိုက်လံချေမှုန်းခြင်းကို ခံလိုက်ရပါတယ်။ သွေးဘိုးဘေးဆိုတာက ဝမ်လင် ထက် ကျင့်ကြံခြင်းအဆင့် အများကြီး ပိုမြင့်မားပြီး သာမန်အားဖြင့်ဆိုရင် ဝမ်လင် အနေနဲ့ ဘယ်လိုမှ ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့ အင်အားကြီး ရန်သူတစ်ဦးပါ။လွတ်လမ်းမရှိတော့တဲ့ သေရေးရှင်ရေး အကျပ်အတည်းကြားထဲမှာ နောက်ဆုတ်မပေးတတ်တဲ့ ဝမ်လင် ဟာ အလင်းလိုအလျင်မြန်ဆုံး ပြေးလွှားရင်း သူတတ်ကျွမ်းထားတဲ့ ကန့်သတ်စီရင်စု ပညာရပ်တွေကို အသုံးပြုပြီး ပြန်လည်ခုခံဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ရန်သူက အင်အားအရမ်းကြီးလွန်းနေတဲ့အခါ ဝမ်လင် တစ်ယောက် သွေးဘိုးဘေးကို အနိုင်ယူဖို့အတွက် သူ့ရဲ့ ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ် နဲ့ ပူးပေါင်းပြီး ကောင်းကင်နဲ့မြေကြီးကို တုန်လှုပ်စေမယ့် အသေခံတိုက်ပွဲကြီးတစ်ခုကို စတင်ဆင်နွှဲပါတော့တယ်။ သူ့ထက် အဆင့်အများကြီးမြင့်တဲ့ နတ်ဘုရားတစ်ပါးလို ရန်သူကို ဝမ်လင် တစ်ယောက် အားနည်းသူနေရာကနေ ဘယ်လိုမျိုး အကွက်ဆင် သတ်ဖြတ်သွားမလဲ ဆိုတာကို ရင်တမမနဲ့ မျက်တောင်မခတ်တမ်း ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကြီးဟာ သာမန် သိုင်းကားတွေလို မဟုတ်ဘဲ ဝမ်လင် ရဲ့ ရက်စက်ပြတ်သားမှု၊ ဉာဏ်နီဉာဏ်နက်သုံးပြီး ရန်သူကို သတ်ကွင်းထဲသွင်းတဲ့ အကွက်တွေနဲ့ ရင်ခုန်စရာ အက်ရှင်ခန်းတွေကို အပြည့်အဝ ခံစားရမှာမို့ Animation ချစ်သူတွေ၊ အထူးသဖြင့် "仙逆" (Xian Ni) ပရိသတ်တွေ လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ ကားကြီးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်နော်။ Filesize : 5.79 GB / 2.77 GB / 1.33 GB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mp4 Genres : Animation, Action, Adventure, and Fantasy Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း