Barbie Mariposa & the Fairy Princess
Barbie Mariposa and the Fairy Princess (2013) ဖလပ်တားဖီးလ် လိပ်ပြာပြည်နယ်ရဲ့ သံတမန်အဖြစ် ခန့်အပ်ခြင်းခံရတဲ့ "မာရီပိုဆာ" ဟာ သူတိုနဲ့ ရန်ဘက်ဖြစ်ခဲ့ဖူးပြီး လျှိဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဖန်သားနတ်သမီးတွေ ရဲ့ ရှီးမားဗေးလ် ပြည်နယ်ဆီ ချစ်ကြည်ရေးခရီးထွက်ခွာဖို တာဝန်ကျလာခဲ့ပါတယ် အစပိုင်းမှာတော့ မတူညီတဲ့ ယဉ်ကျေးမှုနဲ့ အထင်အမြင်လွဲမှားမှုတွေကြောင့် ရွှန်းရွှန်းဝေနေတဲ့ ရှီးမားဗေးလ် ဘုရင်ရဲ့ သမီးတော် ကာတေးနီးယား နဲ့ မာရီပိုဆာ တိုအကြား အဆင်မပြေမှုအနည်းငယ် ရှိခဲ့ပေမဲ့၊ ကြောက်ရွံမှုတွေကို ဘေးဖယ်ပြီး အချင်းချင်း ပွင့်ပွင့်လင်းလင်း နားလည်ပေးဖို ကြိုးစားရင်း မထင်မှတ်ထားတဲ့ ခိုင်မာတဲ့ သံယောဇဉ်တစ်ခု စတင်တည်ဆောက်နိုင်ခဲ့ကြပါတယ် ဒါပေမဲ့ ရုတ်တရက်ဆိုသလို ရှီးမားဗေးလ် ပြည်နယ်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ခရစ္စတယ်လိုက် တွေကို ဖျက်ဆီးပြီး တစ်ပြည်လုံးကို အမှောင်ထုထဲ ရောက်သွားစေမဲ့ ရှေးဟောင်းမကောင်းဆိုးဝါး ရန်သူဆိုးကြီး ပေါ်ထွက်လာတဲ့အခါ... "မာရီပိုဆာ" နဲ့ "မင်းသမီးကာတေးနီးယား" တိုက သတ္တိရှိရှိ ပူးပေါင်းပြီး ပြည်နယ်နှစ်ခုစလုံးကို ကယ်တင်နိုင်မလား စစ်မှန်တဲ့ ချစ်ကြည်ရေးဆိုတာ ခြားနားချက်တွေကို လက်ခံခြင်းကနေ စတင်တာလားဆိုတာ Fantasy , Adventure , Friendship ကို ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းအောင် ကြည့်ရှုခံစားချင်သူတွေအတွက် သင့်တော်တဲ့ Barbie ဇာတ်ကားလေးပါပဲ
ဇာတ်လမ်းအကြောင်း