Locker
Locker (2025) IMDb Rating (5.0) Orion လို့ အမည်ရတဲ့ စမ်းသပ်ရေငုပ်သင်္ဘော ပိုင်ရှင် မားကတ်စ်ဂရေ့ဗ် သူ့သား ဒါဗစ် (David)၊ ဆိုရှယ်မီဒီယာ ဆယ်လီ ဂျက်ဆန်ရက်စ် (Jackson Rex) နဲ့ တိုက်တန်းနစ် ဝါသနာအိုး အာလေဟို (Alejo) တို့ လေးဦးဟာ အတ္တလန္တိတ် သမုဒ္ဒရာအောက်ခြေမှာ ရှိတဲ့ R.M.S. တိုက်တန်းနစ် သင်္ဘောပျက်ကြီးဆီကို လေ့လာရေး ခရီးစဉ်အဖြစ် ထွက်ခွာလာခဲ့ကြပါတယ်။ ဒါပေမယ့်လည်းမမျှော်လင့်ဘဲ ရေငုပ်သင်္ဘော စက်ချို့ယွင်းသွားပြီး ပင်လယ်ပြင်အောက်ခြေမှာ အလုံပိတ်မိသွားတဲ့အခါ အခြေအနေတွေဟာ ကပ်ဘေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။ အောက်ဆီဂျင် ပမာဏ တဖြည်းဖြည်း လျော့နည်းလာတာနဲ့အမျှ သူတို့ရဲ့ ရှင်သန်နိုင်ခြေ အချိန်အတိုင်းအတာကို ပြောင်းပြန်ရေတွက်ပြနေတဲ့ နာရီအတိုင်း အသက်ရှူရကျပ်စရာ စိတ်ဖိအားတွေ မြင့်တက်လာတော့ပါတယ်။ ရေအောက်မီတာထောင်ပေါင်းများစွာကနေ စိမ့်ဝင်နေတဲ့ အေးစက်မှု၊ သင်္ဘောကိုယ်ထည်ကိုခေါက်ပြီး အချက်ပြနေရတဲ့အသံတွေနဲ့ တစ်ယောက်အပေါ်တစ်ယောက်အပြန်အလှန်အပြစ်ဖို့ကြရင်းပင်လယ်ရေအောက် သံကိုယ်ထည်ကျဉ်းကျဉ်းလေးထဲမှာ အသက်ရှင်ကျန်ရစ်ဖို့ အချိန်နဲ့အပြိုင်ရုန်းကန်ကြရချိန်မှာတော့။ ဒီဇာတ်ကားဟာ ၂၀၂၃ မှာဖြစ်ပွားခဲ့တဲ့ Titan ရေငုပ်သင်္ဘောဖြစ်ရပ်ဆိုးကိုမှီငြိမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ နေရာကျဉ်းလေးတစ်ခုထဲက လူတွေရဲ့ ရှင်သန်လိုစိတ်၊ အားငယ်လက်လျှော့လိုမှုကြားက ဝိရောဓိ၊ အစရှိတဲ့စိတ်အနိမ့်အမြင့်အတက်အကျတွေနဲ့အတူလိုက်ပါစီးမျောရင်း ကိုယ်တိုင်မွန်းကျပ်လာစေမယ့် Psychological Thrillerဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.3 GB) / (630 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:39:09 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း