If I Go Will They Miss Me
If I Go Will They Miss Me (2026) ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ အနီးက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဝပ်စ် (Watts) ရပ်ကွက်မှာ နေထိုင်တဲ့ ၁၂ နှစ်အရွယ် ကလေးငယ်လေးတစ်ယောက် အကြောင်းကနေ စတင်ထားပါတယ်။ သူ့ရဲ့ အဖေဖြစ်သူဟာ မကြာသေးခင်ကမှ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်ပြီး... ကလေးဟာ အဖေဖြစ်သူနဲ့ အရင်လို ပြန်လည် ရင်းနှီးချစ်ခင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးကြားက ခင်မင် ရင်းနှီးမှုက မလွယ်ကူလှပါဘူး။ ဒီလို ခက်ခဲတဲ့ အခြေအနေတွေကြားမှာပဲ ကလေးငယ်ဟာ သူ့ရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုတွေထဲမှာ ထူးဆန်းတဲ့ အရာတွေကို စတင် သတိထားမိလာပါတော့တယ်။ အထက်ကနေ ပျံသန်းနေတဲ့ လေယာဉ်ပျံတွေအပြင် ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေရဲ့ ပုံရိပ်ယောင် ဆန်းကြယ်တဲ့ အမြင်အာရုံတွေဟာ သူ့ကို နေရာတကာမှာ လိုက်လံခြောက်လှပ်နေသလို ခံစားလာရပါတယ်။ မိသားစု မေတ္တာကို ရှာဖွေရင်းနဲ့ ဒီလို ထူးဆန်းတဲ့ စိတ်ကူးယဉ် အမြင်အာရုံတွေနောက်ကွယ်က အမှန်တရားကို ကလေးငယ် ဘယ်လို ရင်ဆိုင်ကျော်လွှားမလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း