ဇာတ်ကားများ ရွေးရန်

Pothanur Thabal Nilayam

2022ဇာတ်ကားအမှတ် 6.5/10126 မိနစ်

ကိုအင်ဘာတိုး၊ ပိုတာနာက စာတိုက်ရုံးအုပ်ကြီး ဗန်ကတ်ဟာ ရိုးသားပြီး စည်းကမ်းကြီးသူတစ်ယောက်ပါ။ သူ့သားကတော့ အိန္ဒိယမှာ ကိုယ်ပိုင်ကွန်ပျူတာဆော့ဝဲလုပ်ငန်း စတင်ချင်နေလို့ ဘဏ်ချေးငွေလျှောက်ဖို့ ပြင်ဆင်နေပါတယ်။ သားအဖနှစ်ယောက် ကိုယ့်ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေရာက စာတိုက်ငွေတွေ ပျောက်သွားတဲ့အခါ ပြဿနာကြီးတစ်ခုနဲ့ ရင်ဆိုင်ရတော့တယ်။ ပျောက်သွားတဲ့ငွေတွေကို နှစ်ရက်အတွင်း ပြန်ထားရမှာဖြစ်ပါတယ်။ ဘယ်သူက ငွေတွေခိုးသွားတာလဲ၊ သားအဖနှစ်ယောက် ပြန်ရှာတွေ့နိုင်မလား၊ သတ်မှတ်ချိန်အတွင်း ငွေပြန်ထားနိုင်ပါ့မလားဆိုတာကို စုံထောက်ဇာတ်လမ်းဆန်ဆန် ရိုက်ကူးထားတာပါ။ ၂၀၂၂ ခုနှစ်ထွက် တောင်ပိုင်းရုပ်ရှင်ဖြစ်ပြီး အကတွေနဲ့ အလွန်အကျွံသရုပ်ဆောင်မှုတွေ မပါဘဲ ရိုးသားမှုနဲ့ မရိုးသားမှုတို့ အားပြိုင်ပုံကို တင်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း