ဇာတ်ကားများ ရွေးရန်

Planet of the Apes

2001ဇာတ်ကားအမှတ် 5.8/10120 မိနစ်4K

Planet of Apes (2001) (4K) IMDB : 5.7 Genre : Sci-Fi / Action Planet of Apes (2001) ကတော့ Fantasy တို့ရဲ့ ဖခင်ကြီး ဒါရိုက်တာ Tim Burton ရိုက်ကူးထားတဲ့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ကျွန်တော်တို့ကြည့်ဖူးတဲ့ Planet of the Apes နဲ့တော့ ဆက်စပ်ခြင်းလုံးဝမရှိတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်း ၂၀၂၉ ခုနှစ်ရဲ့ အာကာသာမစ်ရှင်တစ်ခုမှာ ဉာဏ်ရည်မြင့် ရှားပါးမျိုးစိတ် မျောက်ဝံ ပယ်ရီကလီးစ်တစ်ကောင် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ တားမြစ်နေတဲ့ကြားက သူ့ရဲ့မျောက်ဝံကိုကယ်ဖို့ အာကာသယာဉ်မှူး ကပ္ပတိန် လီယိုဟာ ယာဉ်တစ်စီးကိုခိုးယူကာ အာကာသထဲကိုထွက်သွားခဲ့ပါတယ်။ အဲဒီမှာ ထူးဆန်းတဲ့ လျှပ်စစ်မုန်တိုင်းတစ်ခုနဲ့တိုးပြီး ဂြိုလ်တစ်ခုအပေါ်ကို ပျက်ကျသွားခဲ့ပါတယ်။ အဆိုပါဂြိုလ်ပေါ်မှာ ထူးခြားတာတစ်ခုရှိပါတယ်။ အဲဒါကတော့ လူသားတွေက ကျွန်ဖြစ်ပြီး မျောက်ဝံတွေက ကြီးစိုးနေတာဖြစ်ပါတယ်။ ဆိုတော့ လီယိုတစ်ယောက် တခြားဂြိုလ်ကလာတဲ့ လူသားတွေနဲ့အတူတူ ဘယ်လိုမျိုး မျောက်ဝံကြီးစိုးတဲ့ ကမ္ဘာကနေ လွတ်မြောက်အောင် ထွက်ပြေးမလဲဆိုတာကို ရိုက်ကူးထားတာမလို့ ခံစားကြည့်လိုက်ကြပါခင်ဗျာ။ လီယိုအဖြစ် ကြီးလည်းလန်း ငယ်လည်းလန်း Mark Wahlberg အေရီအဖြစ် Chris Nolan ရုပ်ရှင်တွေမှာ Michael Caine မပါမဖြစ်သလိုပဲ Tim Burton ကားတွေဆိုမပါမဖြစ်တဲ့ မင်းသမီး Helena Bonham Carter သေ့ဒ်အဖြစ် မင်းသား Tim Roth အက်တာအဖြစ် မင်းသား Michael Clarke Duncan လင်ဘိုအဖြစ် မင်းသား Paul Giamatti တို့ကအားဖြည့်ထားတာမလို့ သရုပ်ဆောင်ကတော့ ပြောစရာမလိုလောက်ဘူးထင်ပါတယ်။ File size…  7.5 GB /  1.9 GB / 1 GB Quality… BluWay 4K / 1080p / 720p Format… mp4 Duration…. 1h 59m Genre ..... Sci-Fi / Action / Fantasy Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း