ဇာတ်ကားများ ရွေးရန်

The Spiderwick Chronicles

2008ဇာတ်ကားအမှတ် 6.6/1095 မိနစ်

နယူးယောက်ကနေ နယူးအင်္ဂလန်ကို ပြောင်းလာတဲ့ မိသားစုတစ်စုဟာ မိသားစုအမွေရထားတဲ့ အိမ်ကြီးတစ်အိမ်မှာ နေထိုင်ကြပါတယ်။ အမေတစ်ယောက်၊ သမီးတစ်ယောက်နဲ့ သမီးရဲ့အောက်က အမြွှာသားနှစ်ယောက်တို့ပါ။ မောင်နှမတွေ တကျက်ကျက်ဖြစ်နေကြရင်း သားတစ်ယောက်က စာအုပ်တစ်အုပ်ကို တွေ့သွားရာက အိမ်ကြီးပတ်ဝန်းကျင်မှာ မှော်သတ္တဝါတွေ အများအပြား ရောက်လာကြတယ်။ အဲဒီသတ္တဝါတွေထဲမှာ စာအုပ်ကို ကာကွယ်ချင်တဲ့သူတွေ ရှိသလို လုယူပြီး အသုံးချချင်တဲ့သူတွေလည်း ရှိပါတယ်။ သူတို့ကြားမှာ အမေနဲ့ သားသမီးသုံးယောက်ပါ ကြားညပ်သွားကြတော့တယ်။ Freddie Highmore နဲ့ Sarah Bolger တို့ ပါဝင်ထားတဲ့ ဒီမှော်စွန့်စားခန်းရုပ်ရှင်မှာ သရုပ်ဆောင်တစ်ယောက်တည်းက စရိုက်မတူတဲ့ ဇာတ်ကောင်နှစ်ယောက်အဖြစ် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း