ဇာတ်ကားများ ရွေးရန်

Black Panther SWAT Team

2023ဇာတ်ကား109 မိနစ်

ရဲအရာရှိဖြစ်တဲ့ အဖေက တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့ရပြီးနောက် Jiang Miao ဟာ ရဲတပ်ဖွဲ့ကို မုန်းတီးသွားပါတယ်။ သူဝါသနာပါတဲ့ ဓာတ်ပုံဆရာအလုပ်ကို လုပ်ရင်း ဘဝကို ဖြစ်သလို ဖြတ်သန်းနေတယ်။ အစ်ကိုဖြစ်သူ Jiang Lei ကတော့ ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့်ပြီး တာဝန်ကျေပွန်ခဲ့တဲ့ အဖေ့ကို သူရဲကောင်းတစ်ယောက်လို့ မြင်ထားသူပါ။ သူကိုယ်တိုင်သာမက ညီဖြစ်သူကိုပါ အထူးရဲတစ်ယောက် ဖြစ်စေချင်နေပါတယ်။ ဒီလို အမြင်ချင်းကွာနေတဲ့ ညီအစ်ကိုနှစ်ယောက်ကြားမှာ Jiang Miao ရဲ့ဘဝကလည်း အလှည့်အပြောင်းတွေ ကြုံလာရတယ်။ လောကဒဏ်နဲ့ အလွဲအမှားတွေကြားကနေ သူမနှစ်သက်တဲ့ အထူးရဲတပ်ဖွဲ့ထဲကိုပဲ ရောက်သွားပါတယ်။ အဲဒီနောက် အထူးတပ်ဖွဲ့ရဲ့ လေ့ကျင့်မှုတွေကို ဖြတ်သန်းရင်း အရည်အချင်းပြည့်မီတဲ့ ပြည်သူ့ရဲတစ်ယောက် ဖြစ်လာပုံကို ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း