ဇာတ်ကားများ ရွေးရန်

On The Edge

2026ဇာတ်ကားအမှတ် 5.1/1061 မိနစ်

ဒါရိုက်တာကြီးက စစ်မှန်တဲ့ခံစားချက်နဲ့သရုပ်ဆောင်ဟန်ပန်တွေကိုရရှိဖို့အတွက် ဇာတ်ညွှန်းမရှိပဲ အရာအားလုံးကို လက်တန်းသရုပ်ဆောင်ကြရမယ်ဆိုတဲ့အခါ...... တကယ်ပဲ ဒါရိုက်တာကြီးပြောသလိုပဲ စစ်မှန်တဲ့ခံစားချက်တွေနဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုရနိုင်မလားဆိုတာကို အလွဲလွဲအချော်အချော်တွေနဲ့ ပုံဖော်ပြသွားတဲ့ ပေါ့ပေါ့ပါးပါးဟာသမြောက်တဲ့ ဟာသဇာတ်ကားပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့အတွက် လက်ရာမြောက်တဲ့အနုပညာလက်ရာကိုထုတ်ပြနိုင်ရမယ်လို့ဆိုကြတဲ့အတွက် အနုပညာလက်ရာမြောက်တဲ့ ဇာတ်ကားတစ်ကားရဖို့ ကြိုးစားကြတဲ့အခါ သူမတူတဲ့နည်းနဲ့ ဇာတ်လမ်းကိုသရုပ်ဆောင်တွေရဲ့ ပင်ကိုယ်အသိစိတ်အတိုင်း သရုပ်ဆောင်ခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ ဘဏ်ဓားပြတိုက်တဲ့ အက်ရှင်ကားပဲဖြစ်ပါတယ်။ ဘဏ်နေရာ၊ဇာတ်ပို့၊ဇာတ်ရံတွေအပြည့်အစုံပြင်ဆင်ထားပေမယ့် အားလုံးဟာကိုယ်ကျရာနေရာမှာ အဆင်ပြေသလိုမီးစင်ကြည့်ကပြီး ကိုယ့်ရဲ့စွမ်းရည်ကိုထုတ်ပြရမှာဖြစ်ပါတယ်။ အားလုံးကို ပြည့်စုံလုနီးပါးစီစဉ်ထားပေမယ့် အခြေအနေမှန်ကိုမသိပဲ တကယ့်ဘဏ်အစစ်ထင်ပြီး မှားဝင်လာတဲ့လူတွေရှိတဲ့အခါမှာတော့ ခေါင်းဆောင်မင်းသားတွေဖြစ်တဲ့ ဘဏ်ဓားပြ(၃)ယောက်ဟာ ဒီဇာတ်လမ်းကိုပြီးပြည့်စုံအောင် ဘယ်လိုသရုပ်ဆောင်သွားမလဲဆိုတာကို ရယ်စရာတွေအပြင် စိတ်ဝင်စားစရာပုံဖော်ထားတဲ့ စိတ်ပေါ့ပါးစေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Filesize : 1.34 GB / 721 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action, Mystery, and Crime Runtime : 1h 1 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း