ဇာတ်ကားများ ရွေးရန်

After Impact

2026ဇာတ်ကားအမှတ် 6.2/1095 မိနစ်

After Impact (2026) ဒီကားက ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ VOD Digital Platform တွေမှာ ထွက်ရှိခဲ့တဲ့ Post-Apocalyptic Sci-Fi Survival Thriller (ကမ္ဘာပျက်ပြီးနောက် အသက်ရှင်ကျန်ရစ်သူ ရုန်းကန်ရမှု) ရုပ်ရှင်ကား ဖြစ်ပါတယ်။ မင်းသား Ethan Nichols ဟာ ကွယ်လွန်သူအဖေဖြစ်သူဆီကနေ နိုင်ငံရဲ့ အကြီးဆုံးဖန်လုံအိမ်ကြီးတစ်ခုကို အမွေရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကမ္ဘာမြေဆီကို ဥက္ကာပျံကြီးတစ်စင်းက တိုက်ရိုက် ဦးတည်လာနေပြီဆိုတဲ့သတင်းဆိုးကြီး ထွက်ပေါ်လာခဲ့ပါတယ်။ စိတ္တဇဆန်ဆန်အကြောက်လန့်လွန်မှု၊ သစ္စာဖောက်မှုတွေနဲ့ Civilization စနစ်တစ်ခုလုံး ပြိုပျက်လာချိန်မှာ Ethan ဟာ မိသားစုရဲ့ မြေအောက် Bunker ထဲမှာ သွားရောက်ပုန်းအောင်းပြီး ဥက္ကာပျံဝင်တိုက်မယ့်ဘေးအန္တရာယ်ကို စောင့်ဆိုင်းခဲ့ပါတယ်။ ဥက္ကာပျံ ဝင်တိုက်ပြီးနောက် ထိခိုက်ဒဏ်ရာတွေနဲ့အတူ လုံးဝဆိတ်ငြိမ်သွားတဲ့ကမ္ဘာကြီးထဲမှာ Ethan တစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်။ စိတ်ပျက်အားငယ်မှုတွေနဲ့ အသက်ဆက်ဖို့ရုန်းကန်နေရချိန်မှာပဲ သူနဲ့ချိတ်ဆက်ထားတဲ့ ရေဒီယိုစက်ကနေ တစ်စုံတစ်ယောက်ရဲ့ အသံတိုးတိုးလေး ထွက်ပေါ်လာတဲ့အခါ ဘာဆက်ဖြစ်မှာလဲ။ ကမ္ဘာပျက်ကိန်းအန္တရာယ်၊ စိတ်ဖိစီးမှုမြင့်မားပြီး သေရေးရှင်ရေးရုန်းကန်ရတဲ့အခန်းတွေ၊ ဒဏ်ရာရရှိမှု မြင်ကွင်းတွေနဲ့ အနည်းငယ်ကြမ်းတမ်းတဲ့စကားလုံးတွေ ပါဝင်တာကြောင့် အသက် ၁၃ ဒါမှမဟုတ် ၁၄ နှစ်နဲ့အထက်သာ ကြည့်ရှုဖို့သင့်တော်ပါတယ်။ File Size - 1.5 GB/ 516 MB Quality - WEB-DL 1080p/ 720p Duration - 1h 35m Format - mp4 Genre - Drama, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း