ဇာတ်ကားများ ရွေးရန်

Nickels

2026ဇာတ်ကားအမှတ် 5.0/10102 မိနစ်

Nickels (2026) ဒီကားက ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီး PVOD Platform တွေမှာပါ ထွက်ရှိလာတဲ့ သဘာဝလွန် Drama-Thriller ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုကိုတန်ဖိုးထားတဲ့ Tom Monroe (Rob Riggle) ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက မော်တော်ဆိုင်ကယ်မတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့တဲ့ အစ်ကိုဖြစ်သူအတွက် စိတ်ဒဏ်ရာကြီးစွာနဲ့ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အိမ်နီးနားချင်းရဲ့ သားဖြစ်သူ Mitch Diller (Aaron Holliday) ဟာ အဲဒီလို မော်တော်ဆိုင်ကယ်မတော်တဆမှုမျိုးကနေ အံ့သြဖွယ် အသက်ရှင်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Tom ရဲ့ စားပွဲခုံ၊ ကားနဲ့ အိမ်ရှေ့လမ်းတွေမှာ ဆန်းကြယ်တဲ့ ဒင်္ဂါးပြားငယ်လေးတွေ (Nickels) တစ်ခုပြီးတစ်ခု ထူးထူးဆန်းဆန်း ထွက်ပေါ်လာပါတော့တယ်။ ဒီထူးဆန်းတဲ့ဖြစ်ရပ်တွေက အစ်ကိုဖြစ်သူရဲ့ဝိညာဉ် ပြန်လာတယ်လို့ Tom ကို ယုံကြည်လာစေပြီး၊ နက်ရှိုင်းလှတဲ့ဝမ်းနည်းကြေကွဲမှုတွေ၊ ယုံကြည်ချက်နဲ့ မဖြေရှင်းနိုင်သေးတဲ့ မိသားစုဒဏ်ရာဟောင်းတွေကို ရင်ဆိုင်လာရတဲ့အကြောင်း ဇာတ်အိမ်ခိုင်မာစွာ ပုံဖော်ထားပါတယ်။ စိတ်ပိုင်းဆိုင်ရာဖိစီးမှု၊ ဝမ်းနည်းကြေကွဲစရာ ဒရာမာအပြင်အဆင်တွေနဲ့ သဘာဝလွန် လျှို့ဝှက်ဆန်းကြယ်မှုတွေ ပါဝင်တာကြောင့် အသက် ၁၃ နှစ်နဲ့အထက်သာ ကြည့်ရှုဖို့သင့်တော်ပါတယ်။ File Size - 1.4 GB/ 413 MB Quality - WEB-DL 1080p/ 720p Duration - 1h 46m Format - mp4 Genre - Drama Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း