A Moment of Romance
အန်ဒီလောင် သရုပ်ဆောင်ထားတဲ့ ဂိုဏ်းစတားလူငယ်တစ်ယောက်ရဲ့ ဘဝထဲမှာ ဆိုင်ကယ်ပြိုင်ပွဲတွေ၊ ကားပြိုင်ပွဲတွေနဲ့ လမ်းဘေးရန်ပွဲတွေ ရှိနေပါတယ်။ ဂိုဏ်းအရှုပ်အထွေးတွေကြားက ညီအစ်ကိုသံယောဇဉ်ကိုလည်း ပြထားတယ်။ တစ်နေ့မှာတော့ ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ ဆေးရုံစရိတ်အတွက် ဓားပြသွားတိုက်ကြရာက အစီအစဉ်လွဲချော်ပြီး ကောင်မလေးတစ်ယောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်လာရပါတယ်။ အဲဒီဖြစ်ရပ်ကနေ ဂိုဏ်းစတားလူငယ်နဲ့ ဓားစာခံကောင်မလေးကြား ချစ်ခြင်းတစ်ခု ပေါ်ပေါက်လာတယ်။ အန်ဒီလောင်နဲ့အတူ Chien-Lien Wu နဲ့ အန်ကယ်တက်တို့ ပါဝင်သရုပ်ဆောင်ထားပြီး အန်ကယ်တက်ဟာ ဒီဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ပို့ဆု ရခဲ့ပါတယ်။ ဒါရိုက်တာကတော့ Johnnie To ရဲ့ လက်ထောက်ဖြစ်ခဲ့ဖူးတဲ့ Benny Chan ဖြစ်ပြီး ဒီကားဟာ သူ့ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ နောက်ပိုင်းမှာ Who Am I?, Rob-B-Hood, New Police Story နဲ့ Shaolin တို့ကိုလည်း ရိုက်ကူးခဲ့ပါတယ်။ သူ့နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Raging Fire ကလည်း ဟောင်ကောင်ရုပ်ရှင်ပွဲတော်မှာ ထိပ်တန်းဆုတွေ ရခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း