ဇာတ်ကားများ ရွေးရန်

The Ferry Man·The Dream of the Princess

2026ဇာတ်ကားအမှတ် 5.2/1073 မိနစ်

The Ferry Man 3 :The Dream of the Princess (2026) ပထမ ၂ကားကိုလဲတင်ဆက်ပီးပါပြီ Ferry Man ဆိုပီးရိုက်ရှာလိုက်ရင်ပေါ်ပါတယ် နှစ်ပေါင်း ၂၀၀ ကြာခဲ့တဲ့ ချစ်ခြင်းတစ်ခုက အိပ်မက်ထဲမှာပဲ ပြန်လည်ဆုံတွေ့နိုင်တော့မယ်ဆိုရင်… အဲဒီအချစ်က ဘယ်လောက်ထိ နာကျင်စရာကောင်းမလဲ The Ferry Man 3 :The Dream of the Princess (2026) ဟာ “浮生梦” စီးရီးရဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက် iQIYI မှာ သီးသန့်ထုတ်လွှင့်ပြသခဲ့ပါတယ်… ဒီဇာတ်ကားမှာ ဝူမင် တုန်းချင်း အားယာ့တို့သုံးဦးဟာ ခွန်းလွန်ဝိညာဉ်ကျောက်တုံးအပိုင်းအစကို ရှာဖွေရင်း ရှန့်ကျင်းမြို့ကို ရောက်လာကြရင်း သူတို့သုံးယောက်ဟာ ကျောက်စိမ်းလက်ဝတ် ရတနာတွေကို လိုက်လံလုယူနေတဲ့ မကောင်းဆိုးဝါးတစ်ကောင်နဲ့ တွေ့ဆုံရာကနေ နှစ်ပေါင်း ၂၀၀ ကြာ မြှုပ်နှံထားတဲ့ ချစ်ခြင်းတစ်ခုရဲ့ အမှန်တရားကို ဖော်ထုတ်မိသွားကြပါတယ် အဲဒီအချစ်ဇာတ်လမ်းရဲ့ နောက်ကွယ်မှာတော့ စစ်ထွက်မဲ့စစ်သူကြီး ချွေးယွင်နဲ့ မင်းသမီး အားဝူတို့ရဲ့ “ကျူးချွဲ့တံတားမှာ ပြန်ဆုံမယ်” ဆိုတဲ့ ကတိတစ်ခုရှိနေခဲ့ပါတယ်…အောင်ပွဲနဲ့အတူ ပြန်လာတဲ့နေ့မှာ မင်းသမီးက မီးအိမ်ကိုင်ပြီး စောင့်ကြိုမယ်လို့ ကတိပေးခဲ့ပေမဲ့ နန်းတွင်းအာဏာရေးရာ ပရိယာယ်တစ်ခုကြောင့် သူတို့နှစ်ယောက်ဟာ အထင်လွဲမှုတွေနဲ့ ခွဲခွါခဲ့ရပါတယ်… လူတိုင်းက မင်းသမီးကို အပြစ်ရှိသူလို့ ယုံကြည်ခဲ့ကြပေမဲ့ အမှန်တရားကတော့ ထင်ထားတာနဲ့ လုံးဝမတူခဲ့ပါဘူး အစပိုင်းမှာ လူဆိုးတစ်ကောင်လို ထင်ရတဲ့ တံတားပေါ်က မကောင်းဆိုးဝါးကရော ဘာကြောင့် နှစ်ပေါင်း ၂၀၀ ကြာ အဲဒီနေရာမှာပဲ နေခဲ့တာလဲ… မင်းသမီးနဲ့ စစ်သူကြီးတို့ကြားက ချစ်ခြင်းကို ဘယ်သူက ဖျက်ဆီးခဲ့တာလဲ…ပြီးတော့ နှစ်ပေါင်း ၂၀၀ ကြာ မပြောဖြစ်ခဲ့တဲ့ အမှန်တရားကို နောက်ဆုံးမှာ ဘယ်သူက ဖော်ထုတ်ပေးမလဲ နည်းပညာပိုင်းမှာလည်း AI ဇာတ်ကားဆိုတာ သေချာမကြည့်ရင်တောင် မသိနိုင်လောက်အောင်လို့ ချီးကျူးမှုတွေလည်း ရရှိထားပါတယ်…နက်ရှိုင်းတဲ့အချစ် နန်းတွင်းပရိယာယ်နဲ့ မပြည့်စုံခဲ့တဲ့ ကံကြမ္မာတစ်ခုကို ဘယ်လိုပုံဖော်ထားလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင် Filesize : 1.20 GB / 684 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Mystery and Fantasy Runtime : 1h 48 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း