ဇာတ်ကားများ ရွေးရန်

Mito Komon

2025ဇာတ်ကားအမှတ် 7.2/10114 မိနစ်

Mito Kōmon (2025) ဒီဇာတ်ကားကတော့ သမိုင်းနောက်ခံဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာက Kiyomi Yada ဖြစ်ပြီး Takeda Tetsuya ၊ Takuma Zaiki၊ Atsushi Araiနဲ့ Kanji Tsuda တို့က အဓိက သရုပ်ဆောင်ထားကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က ဂျပန်နိုင်ငံရဲ့ လူမှုရေး စီးပွားရေး ယဉ်ကျေးမှု အုပ်ချုပ်ရေးများကို ထင်ဟပ်ပြသထားလို့ ရှုစားကြည့်လိုက်ရအောင်ပါ။ ဇာတ်လမ်းအကျဉ်း မိတိုနယ်ရဲ့ ဒုတိယမြောက်ဆက်ခံသူ နယ်စားမင်းကြီး မိတို မိဆွတ်ခုနိဟာ သူ့ရဲ့ သစ္စာရှိ သက်တော်စောင့်နှစ်ယောက်ဖြစ်တဲ့ ဆုကဲနဲ့ ဂါကုတို့နဲ့အတူ နေထိုင်လျက်ရှိပါတယ်။ သူဟာ နယ်မြေက တိုင်းသူပြည်သားတွေ ပျော်ရွှင်အေးချမ်းနေတာကို လိုလားပြီး အနုပညာကို ဝါသနာပါတဲ့ နယ်စားမင်းကြီး ဖြစ်ခဲ့ပါတယ်။ နယ်စားမင်းကြီးဘဝက အနားယူလိုက်ပေမဲ့လည်း သတင်းတွေကို မျက်ခြေမပြတ်စေခဲ့သူလည်း ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့အထောက်တော်တွေက ပေးလာတဲ့သတင်းတွေအရ သူ့ရဲ့ တူဖြစ်သူ နယ်စားရှိရာ ကာဂါနယ်ကို ကုန်သည်ဟောင်း သခင်ကြီးတစ်ယောက်အနေနဲ့ ရုပ်ဖျက်ကာ ခရီးထွက်ခဲ့ပါတော့တယ်။ လမ်းမှာ ကာဂါကာနာဇာဝါကို သွားမယ့်မိန်းကလေးက တစ်ယောက်တည်းဖြစ်နေလို့ အတူလိုက်ပါရစေ ခွင့်တောင်းရာ အတူလိုက်ပါစေခဲ့ပါတယ်။ နယ်မြေအေးချမ်းသာယာရေး ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားတဲ့ နယ်စားမင်းကြီး ခရီးသွားရာ လမ်းတစ်လျှောက် ကြုံတွေ့ရတဲ့ နယ်မြေတွေက ပြဿနာတွေကို ဘယ်လိုတွေ ဖြေရှင်းကူညီပေးသွားမလဲဆိုတာ... File size…1.68GB / 858MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 32m Genre ….. Adventure, Historical, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း