Totto no Ketsuraku Seishunki
Totto no Ketsuraku Seishunki (2025) ဂျပန်ရုပ်သံလောကရဲ့ဂန္တဝင်တစ်ယောက်ဖြစ်သလို UNICEFရဲ့ ချစ်ကြည်ရေးသံတမန်တစ်ယောက်ဖြစ်တဲ့လူရဲ့ ငယ်ဘဝဟာ အမွှေစိန်လေးဖြစ်ခဲ့တာဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ရှုစားရမဲ့ ထူးထူးခြားခြား biography ဇာတ်လမ်း ဂျပန် Slice of Life ကားကောင်းကောင်းလေးတွေ မျှော်နေတဲ့ J-drama ပရိသတ်တွေအတွက် ၂၀၂၅ ခုနှစ်ထွက် Drama Special လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ လက်ရှိထုတ်လွှင့်ပြသနေတဲ့ Extraordinary Attorney Minami ထဲက မင်းသမီးချောလေး Ashida Mana က အဓိက ပါဝင်ထားပါတယ်။ ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ Coming-of-age ဇာတ်ကားလေးဖြစ်ပြီး UNICEF ချစ်ကြည်ရေးသံတမန် နာမည်ကျော်သရုပ်ဆောင် အစီစဉ်တင်ဆက်သူ Tetsuko Kuroyanagi ရဲ့ငယ်ဘဝနဲ့ အိပ်မက်အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ တက်ဆုကိုဆိုတဲ့ ကောင်မလေးဖြစ်ပါတယ်။ စစ်ဘေးရှောင်ရင်း အအိုမိုရိမှာ အမေဖြစ်သူနဲ့ နေထိုင်နေရာကနေ ကိုယ်တိုင်ဘာဖြစ်ချင်တာလဲဆိုတာကို ရှာဖွေဖို တိုကျိုမြိုကြီးဆီ တစ်ယောက်တည်း ရဲရဲဝံ့ဝံ့ ထွက်လာခဲ့သူပေါ့။ တိုကျိုက ကိုရန်မိန်းကလေးကျောင်းမှာ တက်ရင်း သူ့ရဲ့ ဆယ်ကျော်သက်ဘဝကို စတင်ဖြတ်သန်းပါတော့တယ်။ တက်ဆုကိုက မိန်းကလေးကျောင်းမှာ တက်နေပေမဲ့ သာမန်မိန်းကလေးတွေလို နုနုရွရွ မဟုတ်ဘဲ ယောကျ်ားလေးဆန်ဆန် သွက်သွက်လက်လက်နဲ့ စပ်စုချင်တဲ့ ကောင်မလေးတစ်ယောက်ပါ။ စိတ်ဝင်စားတာရှိရင် ချက်ချင်းလုပ်ကြည့်တတ်ပေမဲ့ ဘာတစ်ခုမှ ဖြစ်မြောက်မလာတဲ့ အလွဲလေးတွေလည်း ရှိသေးတာပေါ့။ အဲဒီခေတ်က ရုပ်ရှင်ကြည့်တာကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတဲ့ခေတ်ဆိုပေမဲ့ အာဂကောင်မလေး တက်ဆုကိုကတော့ ကျောင်းအပြန်မှာ ရုပ်ရှင်ရုံကို ခိုးခိုးပြီး ဝင်ကြည့်တတ်ပါတယ်။ ပိတ်လှောင်နေတဲ့ ခေတ်ကြီးထဲမှာ ရုပ်ရှင်ပိတ်ကားပေါ်က လွတ်လပ်ပြီး လှပတဲ့ကမ္ဘာကြီးကို မြင်တွေ့သွားရချိန်မှာတော့ သူ့ရဲ့အမြင်တွေ ဘယ်လိုပြောင်းလဲသွားမလဲ။ တစ်ဖက်မှာလည်း တိုကျိုက သူ့ရဲ့အိမ်လေး ပြန်ဆောက်ပြီးသွားလို အမေဖြစ်သူနဲ့ ပြန်နေခွင့်ရတဲ့အပြင် ဆိုက်ဘေးရီးယားမှာ အဖမ်းခံထားရတယ်လို သတင်းထွက်နေတဲ့ အဖေဖြစ်သူကပါ ဂျပန်ကို ပြန်ရောက်လာတော့မှာဖြစ်လို မိသားစုလေး ပြန်လည်ဆုံစည်းရတော့မယ့် အချိန်ပါ... လွတ်လပ်မှုကို မြတ်နိုးတဲ့ တက်ဆုကို တစ်ယောက် သူ့ရဲ့အနာဂတ်အတွက် ဘယ်လိုရွေးချယ်မှုတွေ လုပ်သွားမလဲ... စစ်ပြီးခေတ် ဂျပန်ပြည်ရဲ့ အငွေ့အသက်တွေကြားမှာ လူငယ်တစ်ယောက်ရဲ့ အိပ်မက်ရှာဖွေပုံတွေကို ကြည့်ရှုရမှာမို့လို့ Heartwarming ဖြစ်တဲ့ ဒရာမာကားလေးတွေကို ကြိုက်နှစ်သက်သူတွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်ခင်ဗျာ။ ၂ နာရီစာ Movie ပုံစံလေးမို အချိန်ပေးရကျိုးနပ်စေမယ့် ကားလေးပါပဲ။ File size…1.66GB / 845MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 31m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း