ဇာတ်ကားများ ရွေးရန်

Frequency

2000ဇာတ်ကားအမှတ် 7.3/10118 မိနစ်

ဒီ Timetravel ကားလေးက‌တော့ ဒါရိုက်တာ Gregory Hoblit ရိုက်ကူးပြီး မင်းသား Dennis Quaid နဲ့ Jim Caviezel တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ Sci-Fi / Crime Mystery / Drama လက်ရာကောင်းတစ်ခု ဖြစ်ပါတယ်။ (Time Travel) ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ် အယူအဆကို အသုံးပြုထားပေမဲ့ စက်ယန္တရားတွေထက်စာရင် ဝါသနာရှင်သုံး ဟမ်းရေဒီယို (Ham Radio) တစ်လုံးနဲ့ သားအဖမေတ္တာကို အဓိကထားပြီး ထူးထူးခြားခြား ပုံဖော်ထားတာမျိုးပါ။ ဇာတ်လမ်းလေးကတော့ ၁၉၉၉ ခုနှစ်၊ နယူးယောက်မြို့မှာ နေထိုင်တဲ့ ရဲစုံထောက် John Sullivan (Jim Caviezel) ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ (၁၉၆၉ ခုနှစ်) က မီးငြှိမ်းသတ်ရင်း သေဆုံးသွားခဲ့တဲ့ သူ့ရဲ့ မီးသတ်သမား ဖခင်ကြီး Frank Sullivan (Dennis Quaid) ကို အမြဲတမ်း လွမ်းဆွတ်တမ်းတနေသူပါ။ နယူးယောက်ကောင်းကင်ယံမှာ ရှားပါး မြောက်ဘက်ဝင်ရိုးစွန်း အလင်းတန်း (Aurora Borealis) တွေ ပေါ်ပေါက်လာတဲ့ ညတစ်ညမှာ John ဟာ သူ့ဖခင်ရဲ့ ဟောင်းနွမ်းနေတဲ့ အပျော်တမ်းရေဒီယိုဟောင်းလေးကို ရှာတွေ့ပြီး အမှတ်မထင် ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီရေဒီယိုလှိုင်းကနေတစ်ဆင့် အချိန်ကာလ ၃၀ နှစ် ခြားနားနေတဲ့ ၁၉၆၉ ခုနှစ်က သူ့ဖခင် Frank နဲ့ မယုံကြည်နိုင်လောက်အောင် အသံချင်း ချိတ်ဆက်မိသွားပါတော့တယ်။ အဲဒါနဲ့ John ဟာ နောက်တစ်နေ့ မီးလောင်မှုမှာ သူ့ဖခင် သေဆုံးရတော့မယ့် အန္တရာယ်ကို ကြိုတင်သတိပေးနိုင်ခဲ့လို့ ဖခင်ဖြစ်သူ အသက်ဘေးက လွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အတိတ်ကို ပြောင်းလဲလိုက်တဲ့ "Butterfly Effect" ကြောင့် ပစ္စုပ္ပန်မှာ ကြောက်မက်ဖွယ်ရာ အကျိုးဆက်တစ်ခု ပေါ်ထွက်လာပြီး၊ မူလက မသေဆုံးခဲ့တဲ့ သူ့ရဲ့ မိခင်ဖြစ်သူဟာ ထိုကာလက နာမည်ကျော် နိုက်တင်ဂေး ကွင်းဆက်လူသတ်သမား (Serial Killer) ရဲ့ သားကောင်အဖြစ် ပြောင်းလဲ အသတ်ခံလိုက်ရပါတယ်။ အဲဒါကြောင့် အတိတ်က ဖခင် Frank နဲ့ ပစ္စုပ္ပန်က သားဖြစ်သူ John တို့ဟာ ရေဒီယိုလှိုင်းကို အသုံးချကာ ၃၀ နှစ် ခြားနားနေတဲ့ အချိန်နှစ်ခုကြားကနေ လူသတ်သမားကို အတူတကွ ပူးပေါင်းဖမ်းဆီးဖို့ ကြိုးစားကြတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ..။

ဇာတ်လမ်းအကြောင်း