Dreams
Dreams က ကူရိုဆာဝါ ထပ်ခါတလဲလဲ မက်ခဲ့တဲ့ အိပ်မက်တွေကို အခြေခံပြီး ဇာတ်လမ်းတိုရှစ်ပုဒ်အဖြစ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကိုလည်း သူတစ်ယောက်တည်း ရေးထားပါတယ်။ အိပ်မက်ထဲက အဖြစ်အပျက်တွေအပြင် သူပြောချင်ခဲ့တဲ့ စကားတွေ၊ အနုပညာအပေါ်ထားတဲ့ ချစ်စိတ်နဲ့ ကမ္ဘာကြီးအပေါ် သူ့အမြင်တွေကိုပါ ဒီဇာတ်လမ်းတွေကနေ ပြထားတာပါ။ ကူရိုဆာဝါရဲ့ ရုပ်ရှင်တွေက စပီးဘာ့ဂ်၊ လူးကတ်စ်နဲ့ မာတင်စကောဆေးစိတို့လို အမေရိကန်ဒါရိုက်တာတွေအပေါ် လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ စပီးဘာ့ဂ်က ပရိုဂျူဆာအဖြစ် ပါဝင်ပြီး သူ့ကုမ္ပဏီ Amblin က ဖြန့်ချိထားပါတယ်။ ရုပ်ပုံအထူးပြုလုပ်ချက်တွေကို လူးကတ်စ်ရဲ့ ILM က လုပ်ပေးထားသလို မာတင်စကောဆေးစိကလည်း ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ပထမအိပ်မက်ဖြစ်တဲ့ “မိုးစက်စီးကြောင်းကြား စီးဆင်းနေသောနေရောင်များ” မှာ မိုးရွာနေရင်း နေရောင်ထွက်နေတဲ့ တစ်နေ့၊ အမေက အပြင်လျှောက်မသွားဖို့ တားထားတာကို နားမထောင်ခဲ့သူတစ်ယောက်အကြောင်းနဲ့ စပါတယ်။ သက်တန့်ကြီးဆီ ရောက်လာတဲ့ သူ့ရှေ့မှာ ဘာရှိမလဲ၊ ဘယ်ဆီကို ဆက်ရောက်မလဲဆိုတာ မသိရသေးဘူး။ ဒုတိယအိပ်မက် “မက်မွန်ခြံ” ကတော့ ခုတ်လှဲခံလိုက်ရတဲ့ မက်မွန်ပင်တွေ၊ မရှိတော့ပေမယ့် အမှတ်ရနေဆဲဖြစ်တဲ့ မက်မွန်ပွင့်တွေနဲ့ ဆုံးရှုံးမှုအပေါ် ဝမ်းနည်းစိတ်ကို ဖော်ပြထားပါတယ်။ တတိယအိပ်မက် “နှင်းမုန်တိုင်း” မှာ နှင်းတွေကြားက ခရီးဆက်နေသူတွေအကြောင်း ရောက်လာပါတယ်။ သွားချင်တဲ့ပန်းတိုင်ကို သိပေမယ့် ရှေ့လမ်းကို မမြင်ရတဲ့ အခြေအနေ၊ အချိန်ကုန်လွန်သွားမှုနဲ့ နောက်ကျသွားခြင်းအပေါ် ခံစားချက်တွေကို တွဲဖော်ပြထားတာပါ။ စတုတ္ထအိပ်မက် “လှိုဏ်ခေါင်း” ကိုတော့ ဒုတိယကမ္ဘာစစ်ရဲ့ စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေ၊ အသက်ရှင်ကျန်ခဲ့ရသူရဲ့ မလုံမလဲစိတ်တွေနဲ့ ဆက်စပ်ပြီး ကြည့်နိုင်ပါတယ်။ ကူရိုဆာဝါကိုယ်တိုင်ရဲ့ စိတ်ခံစားချက်လို့ အတည်ပြုပြောထားတာမဟုတ်ဘဲ သူ့အိပ်မက်အပေါ် ဖွင့်ဆိုချက်တစ်ခုပါ။ ပဉ္စမအိပ်မက် “ကျီးကန်းများ” က ပန်းချီနဲ့ ဗန်ဂိုးအပေါ် ကူရိုဆာဝါရဲ့ ချစ်စိတ်ဆီ ခေါ်သွားပါတယ်။ မူရင်းမှာ Starry Night၊ ဂျုံခင်းထဲက ကျီးကန်းများ၊ ကိုယ်တိုင်ရေးပုံတူ၊ အာလူးစားသူများ၊ ညဘက်ကဖေး၊ ဆိုက်ပရပ်စ်သစ်ပင်၊ ဗန်ဂိုးနဲ့ ဂေါ်ဂင့်ရဲ့ ကုလားထိုင်တွေ၊ နေကြာပန်းတွေနဲ့ အဝါရောင်အိမ်ကလေးစတဲ့ ဗန်ဂိုးရဲ့ ပန်းချီတွေကိုလည်း တမ်းတဖော်ပြထားပါတယ်။ ကူရိုဆာဝါက ငယ်ငယ်တုန်းက ပန်းချီဆရာဖြစ်ချင်ခဲ့သူပါ။ ဒါရိုက်တာဖြစ်လာတဲ့နောက်မှာလည်း သူ့စတိုရီဘုတ်တွေ၊ ကာလာရုပ်ရှင်တွေရဲ့ အရောင်အသွေးနဲ့ ရုပ်ပုံဖွဲ့စည်းပုံတွေမှာ ပန်းချီအပေါ်ထားတဲ့ စိတ်ကို ဆက်မြင်နိုင်ပါတယ်။ ရုပ်ရှင်မရိုက်ခင် ပြချင်တဲ့အရာတွေကို ပန်းချီအဖြစ် အရင်ရေးဆွဲခဲ့တာတွေရှိသလို အဲဒီပုံကြမ်းတွေက ရုပ်ရှင်ပိုစတာဖြစ်လာတာတွေလည်း ရှိပါတယ်။ နောက်ဆုံးအိပ်မက်သုံးပုဒ်က “အနီရဲရဲဖူဂျီ”၊ “နတ်ဆိုးငိုချင်း” နဲ့ “ရေရဟတ်ရွာကလေး” တို့ပါ။ အကြောင်းအရာချင်း မတူပေမယ့် လူတွေရဲ့ လောဘ၊ အမှားတွေနဲ့ စေတနာထားပြီး လုပ်ခဲ့သော်လည်း လွဲမှားသွားတဲ့အရာတွေကနေ ကူရိုဆာဝါ မျှော်လင့်တဲ့ ကမ္ဘာတစ်ခုဆီ ဦးတည်ထားပါတယ်။ “အနီရဲရဲဖူဂျီ” နဲ့ “နတ်ဆိုးငိုချင်း” မှာ ခေတ်သစ်ဂျပန်နဲ့ ကမ္ဘာကြီးအပေါ် သူ့စိုးရိမ်မှုတွေကို ဖတ်ရှုနိုင်ပြီး “ရေရဟတ်ရွာကလေး” ကတော့ သူမျှော်လင့်တဲ့ ငြိမ်းချမ်းမှုဘက်ကို လှည့်ထားပါတယ်။ ဇာတ်လမ်းတိုတွေကို သီးခြားစီ ကြည့်နိုင်ပေမယ့် အဓိကဇာတ်ကောင်တွေကို ကူရိုဆာဝါရဲ့ ကိုယ်ပွားတွေအဖြစ် တင်ပြထားတာက ဒီအိပ်မက်တွေကို ဆက်စပ်ပေးနေပါတယ်။ သူ့အမှတ်အသားလိုဖြစ်နေတဲ့ ဦးထုပ်ဝိုင်းဝိုင်းကိုလည်း အဲဒီဇာတ်ကောင်တွေနဲ့ တွဲဖော်ပြထားတယ်။ အရှေ့ငါးပုဒ်ကို အတိတ်က အမှားတွေ၊ ချစ်စိတ်တွေ၊ ဆန္ဒတွေနဲ့ ဖြတ်သန်းလာခဲ့တဲ့ခရီးအပေါ် ပြန်ကြည့်ခြင်းအဖြစ် ဖတ်ရှုနိုင်သလို နောက်ဆုံးသုံးပုဒ်က ပစ္စုပ္ပန်ကို စိုးရိမ်နေရာကနေ အနာဂတ်အတွက် မျှော်လင့်ချက်ဆီ ရွေ့သွားပါတယ်။
ဇာတ်လမ်းအကြောင်း