ဇာတ်ကားများ ရွေးရန်

Cirque du Freak: The Vampire's Assistant

2009ဇာတ်ကားအမှတ် 5.8/10109 မိနစ်

ဒယ်ရန်နဲ့ စတိဗ်က ငယ်သူငယ်ချင်းတွေဖြစ်ပေမယ့် နေထိုင်ပုံရော ဝါသနာပါရာပါ မတူကြပါဘူး။ ဒယ်ရန်က မိဘစကားနားထောင်ပြီး ကျောင်းစာမှာလည်း ထူးချွန်တဲ့ ကောင်လေးပါ။ စတိဗ်ကတော့ မိဘမေတ္တာငတ်နေပြီး ခပ်ဆိုးဆိုးနေတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒယ်ရန်က ပင့်ကူတွေကို စွဲလမ်းသလောက် စတိဗ်က ဗန်ပိုင်းယားတွေအကြောင်း အလွန်စိတ်ဝင်စားပါတယ်။ တစ်နေ့ သူတို့မြို့ကို နှစ်ငါးရာသက်တမ်းရှိတဲ့ လူထူးဆန်းတွေရဲ့ ဆပ်ကပ်အဖွဲ့ ရောက်လာတော့ နှစ်ယောက်သား စိတ်ဝင်တစား သွားကြည့်ကြတယ်။ အဲဒီဆပ်ကပ်အဖွဲ့ထဲမှာ ဗန်ပိုင်းယားတစ်ယောက်လည်း ပါနေပါတယ်။ ပင့်ကူတွေကို သဘောကျတဲ့ ဒယ်ရန်က အဲဒီဗန်ပိုင်းယားရဲ့ ပင့်ကူလေးကို မျက်စိကျသွားတဲ့အခါ သူတို့ရဲ့ ဆပ်ကပ်ကြည့်ခရီးကနေ ဘာတွေ ဆက်ဖြစ်လာမလဲ။

ဇာတ်လမ်းအကြောင်း