Anukoni Prayanam
တစ်နယ်တစ်ကျေးမှာ အလုပ်သွားလုပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိပါတယ်။ တစ်နေ့ လုပ်ငန်းခွင်မတော်တဆမှုကြောင့် လူတစ်ယောက် ဆုံးပါးသွားတာကို တွေ့ရတဲ့အခါ ရာဂျူးက သူသေရင်တော့ မွေးရပ်မြေမှာပဲ ခေါင်းချချင်တယ်လို့ သူငယ်ချင်းကို ပြောဖြစ်ခဲ့တယ်။ နောက်တော့ ကိုဗစ်လူနာတွေ တိုးလာပြီး အစိုးရက လော့ဒေါင်းချတော့မယ့်အချိန် ရောက်လာပါတယ်။ သူတို့အလုပ်ခွင်လည်း ပိတ်သွားတာကြောင့် ဇာတိပြန်ဖို့ ဖြစ်လာပေမယ့် ရွာအပြန်ခရီး မစရသေးခင်မှာပဲ ရာဂျူးက ရုတ်တရက် ဆုံးပါးသွားခဲ့တယ်။ ကျန်ခဲ့တဲ့ သူငယ်ချင်းက ရာဂျူးပြောခဲ့တဲ့ ဆန္ဒအတိုင်း ဇာတိရွာမှာ သင်္ဂြိုဟ်ပေးဖို့ သူ့အလောင်းကို သယ်ပြီး တစ်ယောက်တည်း ခရီးဆက်လာပါတယ်။ လော့ဒေါင်းကန့်သတ်ချက်တွေ ရှိနေတဲ့အချိန်မှာ အလောင်းတစ်လောင်းကို သယ်ပြီး ရွာအရောက်ပြန်ဖို့က ဘယ်လောက်ခက်ခဲမလဲ။ လမ်းတစ်လျှောက် ဘာတွေကြုံရဦးမလဲ၊ ရာဂျူးရဲ့ နောက်ဆုံးဆန္ဒကိုရော ဖြည့်ဆည်းပေးနိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း