ဇာတ်ကားများ ရွေးရန်

RoboCop

1987ဇာတ်ကားအမှတ် 7.3/10102 မိနစ်

ရာဇဝတ်မှုတွေ ထူပြောနေတဲ့ ဒက်ထရွိုက်မြို့ရဲ့ ရဲဌာနကို မာဖီဆိုတဲ့ ရဲတစ်ယောက် တာဝန်ပြောင်းလာပါတယ်။ သူက ရဲမေ လူးဝစ်နဲ့ တွဲဖက်တာဝန်ထမ်းဆောင်ရင်း လူဆိုးဂိုဏ်းတစ်ဂိုဏ်းကို လိုက်ဖမ်းခဲ့တယ်။ ဒါပေမယ့် မာဖီဟာ အဲဒီလူဆိုးတွေလက်ထဲမှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ တစ်ဖက်မှာတော့ OCP ဆိုတဲ့ အဖွဲ့အစည်းက ဒယ်တာမြို့သစ် တည်ဆောက်ဖို့ ဒက်ထရွိုက်အစိုးရနဲ့ စာချုပ်ချုပ်ထားပါတယ်။ သူတို့က ရဲတွေနေရာမှာ အစားထိုးသုံးဖို့ စက်ပစ္စည်းတစ်ခု တီထွင်ခဲ့ပေမယ့် ပရိုဂရမ်အမှားကြောင့် အဆင်မပြေဖြစ်ခဲ့တယ်။ အဲဒီနောက် စမ်းသပ်မှုအသစ်အတွက် သေဆုံးသွားတဲ့ မာဖီရဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး စက်ရုပ်ရဲအဖြစ် ပြန်အသက်သွင်းလိုက်ပါတယ်။ စက်ရုပ်ရဲဖြစ်လာတဲ့ မာဖီက ဒက်ထရွိုက်မြို့အတွက် အထောက်အကူ ဖြစ်လာနိုင်မလား။ သူ့ကို သတ်ခဲ့တဲ့ လူဆိုးတွေကို ပြန်လက်စားချေမလားဆိုတာအပြင် ဒီတီထွင်မှုကို ဖျက်ဆီးချင်တဲ့သူတွေ ရှိလာဦးမလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။

ဇာတ်လမ်းအကြောင်း