A Mother's Sacrifice
A Mother's Sacrifice [2026] ++++++++++++ ဒီဇာတ်ကားဟာ မွန်ဖရက်ဆိုတဲ့လူငယ်လေးတစ်ယောက်ရဲ့ပြောင်းလဲသွားတဲ့ ဘဝဇာတ်ကြောင်းကို အဓိကအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ သာမန်အတိုင်း အေးအေးချမ်းချမ်းကြီးပြင်းလာခဲ့ရတဲ့မွန်ဖရက်ဟာ သူ့ကိုရင်အုပ်မကွာပြုစုစောင့်ရှောက်ခဲ့တဲ့မိခင်ကြီးက သူ့မွေးမိခင်အရင်းမဟုတ်ဘူးဆိုတဲ့အမှန်တရားကို ရုတ်တရက်သိလိုက်ရတဲ့အခါမှာတော့ သူ့ဘဝက လှုပ်ခါသွားခဲ့ရပါတယ်။ အမှန်တရားကိုရှာဖွေဖို့ကြိုးစားရင်းကနေ အချိန်အကြာကြီးဖုံးကွယ်ထားခဲ့တဲ့ မိသားစုရဲ့နာကျင်စရာလျှို့ဝှက်ချက်တွေ တဖြည်းဖြည်းပေါ်ထွက်လာပြီး အဲဒီနောက်ကွယ်မှာရှိနေတဲ့ မိခင်တစ်ယောက်ရဲ့စွန့်လွှတ်အနစ်နာခံမှုနဲ့ ကြီးမားလှတဲ့မေတ္တာတရားကိုဖော်ပြထားတဲ့ဒရာမာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကထူးခြားချက်နဲ့ ပရိသတ်တွေကို အဆွဲဆောင်နိုင်ဆုံးအချက်ကတော့ အပြင်မှာ တကယ့်သားအမိအရင်းတွေဖြစ်ကြတဲ့ ဝါရင့်မင်းသမီး Aiko Melendez နဲ့ သူ့သားဖြစ်သူ Andre Yllana တို့ပဲဖြစ်ပါတယ်။ သားအမိနှစ်ဉီးရဲ့ပထမဆုံးအကြိမ် ရုပ်ရှင်ဇာတ်ကားတစ်ခုမှာ အတူတူသရုပ်ဆောင်မှုပဲ ဖြစ်ပါတယ်။ အပြင်မှာ တကယ့်သားအမိအရင်းတွေဖြစ်တာနဲ့အညီ သဘာဝကျလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် သားအမိကြားက သံယောဇဉ်နဲ့ခံစားချက်တွေကို ကြည့်ရှုသူတွေထံ အပြည့်အဝကူးစက်စေခဲ့ပါတယ်။ သူတို့သားအမိနှစ်ဦးနဲ့အတူ အနုပညာရှင်တွေဖြစ်ကြတဲ့ Andrea Babierra ၊ Andrea Del Rosario နဲ့ Guji Lorenzana တို့ကလည်း အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်အားဖြည့်ပုံဖော်ထားကြပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Joy Aquino က ရိုက်ကူးပုံဖော်ထားပြီး ဖိလစ်ပိုင်ရဲ့နာမည်ကြီးမီဒီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Viva Communications က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ပထမဦးဆုံးသော ဒေါင်လိုက်ပုံစံမိုဘိုင်းဗီဒီယိုအတို စထရီးမင်းပလက်ဖောင်းတစ်ခုဖြစ်တဲ့ Viva Movie Box (VMB) ရဲ့ အဓိကအထူးတင်ဆက်မှုအဖြစ် ၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ အပိုင်း ၅၅ ပိုင်းပါဝင်တဲ့ Micro-drama Series အနေနဲ့ စတင်ပြသခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ ကြည့်ရှုသူတွေ ပိုမိုအဆင်ပြေစေဖို့အတွက် ရုပ်ရှင်ကားကြီးပုံစံနဲ့ပြန်လည်ပြင်ဆင်ပြီး Viva One စထရီးမင်းပလက်ဖောင်းမှာ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်ကစလို့ တစ်ကမ္ဘာလုံးကို တရားဝင် ဖြန့်ချိပြသခဲ့တာဖြစ်ပါတယ်။ File Size… (721MB) / (440MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h Genre …Drama and Family Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း