ဇာတ်ကားများ ရွေးရန်

Dastaar

2026ဇာတ်ကား150 မိနစ်

Dastaar (2026) "ပြယုဂ်" IMDb - 7.2/10 ၁၉၈၀ပြည့်နှစ် ဗြိတိန်နိုင်ငံကို နောက်ခံထားပြီး ဆစ်ခ်လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ ယုံကြည်ချက်နဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ရပုံတွေကို ပုံဖော်ရိုက်ကူးထားတဲ့ အက်ရှင်ဒရာမာရုံတင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လူမျိုးအချင်းချင်းကိုပဲ နှိပ်စက်ကလူပြုလွန်းတဲ့ စနစ်ကြီးကို မခံနိုင်တော့လို့ ပန်ဂျပ်ကနေ နိုင်ငံရပ်ခြားဆီ ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားခဲ့ကြတဲ့ ဟာနက်ဆင်းဂ်တို့ မိသားစု။ သေချင်တဲ့ကျား တောပြောင်း ဆိုရမလို ရေခြားမြေခြားမှာလည်း လူမျိုးရေးခွဲခြားမုန်းတီးမှုကြောင့် ဖြစ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတစ်ခုမှာ ချစ်ခင်ရသူတွေကို ဆုံးရှုံးလိုက်ရတဲ့ ဟာနက်ဆင်းဂ်။ မိသားစုနဲ့ ဘဝကိုပါ ရိုက်ခတ်သွားစေတဲ့ ဒီအဖြစ်ဆိုးကြောင့် ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဟာနက်တယောက် အရှုံးပေးမယ့်အစား နာကျင်မှုကို ခွန်အားအဖြစ် ပြောင်းပြီး ကိုယ့်လူမျိုးစုအတွက် ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆစ်ခ်လူမျိုးတွေရဲ့ ခေါင်းပေါင်းဖြစ်တဲ့ “Dastaar”ဆိုတာ ရိုးရိုးဝတ်ဆင်စရာတစ်ခုလောက် မဟုတ်ဘဲ ကိုယ်ပိုင်အမှတ်အသား၊ ယုံကြည်ချက်နဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေပြီး မတရားမှုတွေကြားကနေ ကိုယ့်လူမျိုးရဲ့ မျှော်လင့်ချက်နဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရယူဖို့ ကြိုးစားတဲ့ လူတစ်ယောက်အကြောင်းကို ခံစားကြည့်ရှုကြပါဦး။ File size… 2.4 GB / 1.35 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း