Cassiopeia
ဘတ်ဆူဂျင်းဟာ သမီးနဲ့ နှစ်ယောက်တည်းနေတဲ့ ရှေ့နေတစ်ယောက်ပါ။ လိုအပ်တာရှိရင် အဖေ့ဆီ အကူအညီတောင်းရင်း နေထိုင်လာခဲ့ပေမယ့် အသက်သုံးဆယ်ကျော်မှာပဲ မထင်မှတ်တဲ့ ရောဂါတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။ သူ့အသက်အရွယ်မှာ ဖြစ်ခဲတဲ့ Dementia လို့ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းရောဂါကို ခံစားလာရတာပါ။ ဆူဂျင်းအတွက် အရာရာကို ရင်ဆိုင်ရခက်လာတဲ့အချိန်မှာ အဖေက သူ့ဘေးမှာ နေပြီး စောင့်ရှောက်ပေးပါတယ်။ ညဘက်လမ်းပျောက်ရင် ကြယ်ကိုကြည့်ပြီး လမ်းရှာနိုင်ပေမယ့် နေ့ခင်းမှာ လမ်းပျောက်နေတဲ့ ဆူဂျင်းကတော့ သူ့လမ်းကို ပြန်ရှာတွေ့နိုင်ပါ့မလား။ ဆူဂျင်းအဖြစ် Seo Hyun Jin က သရုပ်ဆောင်ထားပြီး Why Her? ထဲကလို ရှေ့နေဇာတ်ကောင်ဖြစ်ပေမယ့် ဒီတစ်ခါမှာ မှတ်ဉာဏ်ချို့ယွင်းလာသူတစ်ယောက်ရဲ့ အခြေအနေကို ပုံဖော်ထားပါတယ်။
ဇာတ်လမ်းအကြောင်း