ဇာတ်ကားများ ရွေးရန်

Jealousy Is My Middle Name

2003ဇာတ်ကားအမှတ် 6.3/10124 မိနစ်

Jealousy Is My Middle Name (2003) အခုတစ်ခါမှာတော့ Assassins ကားထဲက မင်းသားကြီး Park Hae II , We Are All Trying Here မှ သရုပ်ဆောင်မင်းသမီးကြီး Bae Jong Ok, အားလုံးနဲ့ ရင်းနှီးပြီးသား သရုပ်ဆောင် Moon Seung Keun တို့ အဓိကပါဝင်ထားတဲ့ အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတဲ့ Lee Won Sang (Park Hae-il) ဟာ သူ့ချစ်သူကို လုယူသွားခဲ့တဲ့ စာပေမဂ္ဂဇင်းအယ်ဒီတာချုပ် Han Yun Shik (Moon Sung-keun) ကို လက်စားချေလိုစိတ်နဲ့ သူ့အနီးမှာ နေနိုင်ဖို့အတွက် မဂ္ဂဇင်းတိုက်မှာ အလုပ်ဝင်ခဲ့ပါတယ်။ အနေအေးပြီး စကားနည်းတဲ့ Won Sang ရဲ့ အမူအကျင့်ကို သဘောကျသွားတဲ့ အယ်ဒီတာချုပ်ဟာ သူ့ကို ကိုယ်ရေးလက်ထောက်အဖြစ် ခန့်အပ်ခဲ့ပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေကအစ ယုံယုံကြည်ကြည်နဲ့ ခိုင်းစေလာပါတော့တယ်။ ဒီလိုနဲ့ အယ်ဒီတာချုပ်ရဲ့ အနီးမှာ နေရင်းနဲ့ပဲ Won Sang ဟာ လွတ်လပ်ပေါ့ပါးပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့ Park Seong Yeon (Bae Jong-ok) ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားပြန်ပါတယ်။ ဒါပေမဲ့ သူ့နှလုံးသားကို ဖွင့်ဟမိခဲ့တဲ့ ဒီမိန်းကလေးဟာလည်း သူ လက်စားချေဖို့ ကြိုးစားနေတဲ့ အယ်ဒီတာချုပ် Yun Shik နဲ့ ပတ်သက်နေတဲ့အခါမှာတော့… အတိတ်က နာကျင်မှုတွေကို မမေ့နိုင်သေးသလို လက်စားချေလိုစိတ်ကိုလည်း မစွန့်လွှတ်နိုင်သေးတဲ့ Won Sang တစ်ယောက် အချစ်နဲ့ မနာလိုမှုကြားမှာ ဘယ်လိုရုန်းကန်သွားမလဲ။ သူ့ရဲ့ လက်စားချေလိုစိတ်က သူ့ဘဝကို ပိုမိုရှုပ်ထွေးသွားစေမလား...ဒါမှမဟုတ် အချစ်က သူ့ရဲ့နာကျင်မှုတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးသွားနိုင်မလားဆိုတာကိုတော့ Jealousy Is My Middle Name (2003) ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုခံစားပေးကြပါဦးနော်။ File Size - 1.6 GB/ 617 MB Quality - NF WEB-DL 1080p/ 720p Duration - 2h 4m Format - mp4 Genre - Drama, Romance Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း