ဇာတ်ကားများ ရွေးရန်

His Girlfriend

2015ဇာတ်ကားအမှတ် 7.2/10103 မိနစ်

His Girlfriend (2015) အထက်တန်းကျောင်းသူဘဝကို ရင်ခုန်စရာ အချစ်ဇာတ်လမ်းလေးတစ်ခုနဲ့ ဖြတ်သန်းချင်နေတဲ့ တက်ကြွဖျတ်လတ်တဲ့ မိန်းကလေးငယ်လေး ရီကာ (Rika)။ ကျောင်းစတက်တဲ့နေ့မှာတင် သူ့ထက် တစ်နှစ်ကြီးတဲ့ စီနီယာဖြစ်သလို ကျောင်းရဲ့ လှုပ်ရှားမှုတွေမှာ ဦးဆောင်လေ့ရှိတဲ့ အစ်ကိုကြီး ခဲအိဂို (Keigo Tsujiki) ကို မြင်မြင်ချင်း စွဲစွဲလန်းလန်း ချစ်မိသွားပါတော့တယ်။ ရီကာ့အတွက်တော့ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တည်လာတဲ့ အထက်တန်းကျောင်းသူဘဝရဲ့ အချစ်ဦး ရင်ခုန်သံပါပဲ။ ဒါပေမဲ့ ဒီအချစ်က ပန်းခင်းလမ်းတော့ မဟုတ်ခဲ့ပါဘူး။ ခဲအိဂိုရဲ့ အနားကို ချဉ်းကပ်ဖို့ ကြိုးစားရင်း ရီကာတစ်ယောက် စိတ်မကောင်းစရာ အမှန်တရားတစ်ခုကို သိလိုက်ရပါတယ်။ အဲဒါကတော့ ခဲအိဂိုရဲ့ နှလုံးသားထဲမှာ ကျောင်းဆင်းသွားခဲ့ပြီဖြစ်တဲ့ တက္ကသိုလ်ကျောင်းသူ အစ်မကြီး အာအိုအိ (Aoi Tachibana) ဆိုတဲ့ မိန်းကလေးတစ်ယောက် နေရာအပြည့်ယူထားနှင့်ပြီးသား ဖြစ်နေတာပါ။ ခဲအိဂိုဟာ အာအိုအိအပေါ် မျှော်လင့်ချက်မရှိတဲ့ တစ်ဖက်သတ်အချစ်နဲ့ နှစ်ရှည်လများ စောင့်ချစ်နေခဲ့တာ ဖြစ်ပါတယ်။ မိမိက ချစ်ရတဲ့သူဟာ အခြားတစ်ယောက်ကို ငေးမောကြည့်နေတာကို ရင်နာနာနဲ့ စောင့်ကြည့်ရတဲ့ ရီကာ၊ ပြီးတော့ သူ့ကိုပြန်မချစ်နိုင်တဲ့ အစ်မကြီးကို တမ်းတနေရတဲ့ ခဲအိဂို။ တစ်ဖက်သတ်အချစ်တွေ၊ မချိတင်ကဲဖြစ်ရမှုတွေ ရှုပ်ထွေးပတ်ချာလည်နေတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေကြားက အချစ်တြိဂံ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းနီမင်းသားလေး Jun Shison ဟာ အပြင်ပန်းမှာ လူချစ်လူခင်ပေါပြီး တက်ကြွပုံပေါ်ပေမဲ့ အတွင်းစိတ်မှာတော့ သူတစ်ဖက်သတ်ချစ်ရသူကြောင့် နာကျင်နေရတဲ့ စီနီယာတစ်ယောက်ရဲ့ Profile ကို အကောင်းဆုံး သရုပ်ဆောင်သွားနိုင်ပါတယ်။ သူ့ရဲ့ မျက်ဝန်းတွေကတစ်ဆင့် ခံစားချက်ကို ဖော်ပြတဲ့နေရာမှာ တော်တော်လေး အသက်ဝင်ပါတယ်။ မင်းသမီးလေး Kyoko ရဲ့ သရုပ်ဆောင်မှုကတော့ ဒီကားရဲ့ အသက်ပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ရဲ့ ဖြူစင်မှု၊ ချစ်ရသူရဲ့ အပြုံးတစ်ချက်ကြောင့် ကမ္ဘာကြီးတစ်ခုလုံး လင်းထိန်သွားသလို ခံစားရမှုနဲ့ ငြင်းပယ်ခံရတဲ့အခါ ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှုတွေကို သဘာဝကျကျနဲ့ ပရိသတ်တွေပါ လိုက်ပြီး မျက်ရည်ဝဲလာအောင် ပုံဖော်သွားနိုင်ပါတယ်။ ဒီဇာတ်ကားဟာ နာမည်ကြီး ဂျပန် Shoujo မန်ဂါ (Manga) ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ ဂျပန် Live-action ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်ရှိန်ကို အပိုအလိုမရှိဘဲ ရိုးရိုးရှင်းရှင်းလေးနဲ့ သဘာဝကျကျ ပုံဖော်သွားပါတယ်။ တစ်ဖက်သတ်အချစ်ရဲ့ နာကျင်ရမှုတွေ၊ မရေရာတဲ့ မျှော်လင့်ချက် ကြီးမားမှုတွေကို ဆယ်ကျော်သက် လူငယ်သဘာဝအတိုင်း ဖြူစင်စွာ တွေ့မြင်ရမှာမို့လို့ ရှုစားလိုက်ပါဦးနော် ။ File size…1.65GB / 790MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 43 min. Genre ….. Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း