ဇာတ်ကားများ ရွေးရန်

Drifting Home

2022ဇာတ်ကားအမှတ် 7.6/10121 မိနစ်

လူတွေက သရဲခြောက်တယ်လို့ ပြောနေကြတဲ့ တိုက်ခန်းလျားအဟောင်းကြီးဟာ နာ့ဇူမဲနဲ့ ခိုဆုခဲတို့အတွက်တော့ အဖိုးတန်တဲ့အိမ်လေးပါ။ ငယ်ငယ်ကတည်းက မခွဲအတူ နေလာခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေ ရှိနေတဲ့နေရာဖြစ်ပါတယ်။ မူလတန်းကျောင်း နောက်ဆုံးနှစ်ရဲ့ နွေရာသီမှာ အဲဒီတိုက်ခန်းလျားကို ဖြိုတော့မှာမို့ နာ့ဇူမဲတို့သားအမိနဲ့ ခိုဆုခဲတို့မိသားစု အိမ်ပြောင်းကြရတယ်။ အရင်က အတူရှိခဲ့တဲ့ ကလေးနှစ်ယောက်လည်း ဘာကြောင့်မှန်းမသိဘဲ စိမ်းကားသွားကြပါတယ်။ တစ်ရက်မှာ သရဲဖမ်းချင်တဲ့ သူငယ်ချင်း တိုင်အိချိကြောင့် ခိုဆုခဲဟာ အိမ်ဟောင်းဆီ ပြန်ရောက်လာတယ်။ သရဲကို မတွေ့ရဘဲ ဗီဒိုခန်းလေးထဲမှာ ကိုယ့်ကိုယ်ကိုယ်ပိတ်ပြီး အိပ်ပျော်နေတဲ့ နာ့ဇူမဲကိုပဲ တွေ့လိုက်ကြပါတယ်။ နာ့ဇူမဲရဲ့ ရှင်းပြချက်ကို ခိုဆုခဲက မယုံလို့ နှစ်ယောက်သား ရန်ဖြစ်ကြပြန်တယ်။ ခေါင်မိုးပေါ်မှာ ရန်ဖြစ်နေကြရင်း နာ့ဇူမဲ တိုက်ပေါ်က ပြုတ်ကျသွားတဲ့နောက် ထူးဆန်းတဲ့အဖြစ်တစ်ခုနဲ့ ကြုံကြရတော့တာပါ။ နာ့ဇူမဲ၊ ခိုဆုခဲ၊ စပ်စုတတ်တဲ့ တိုင်အိချိ၊ လူကောင်ကြီးတဲ့ ယူဇုရု၊ ပြဿနာရှာတတ်တဲ့ ရဲအိနာနဲ့ ကြင်နာတတ်တဲ့ ဂျူရီတို့ဟာ ပင်လယ်ထဲ မျောနေတဲ့ တိုက်ခန်းလျားကြီးပေါ် ရောက်နေကြပါတယ်။ ဘယ်နေရာမှန်းမသိတဲ့ ပင်လယ်ပြင်မှာ အချင်းချင်း မတည့်ကြတဲ့ ကလေးတွေ ဘယ်လိုရှေ့ဆက်ကြမလဲ၊ ဘာတွေ ထပ်ကြုံရမလဲ။ ဒီစိတ်ကူးယဉ်ကာတွန်းဇာတ်လမ်းက အိမ်ဟောင်းတစ်ခုနဲ့အတူ တွယ်တာနေတဲ့ သံယောဇဉ်တွေ၊ မစွန့်လွှတ်ချင်တဲ့ အမှတ်တရတွေအကြောင်းကို ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း