ဇာတ်ကားများ ရွေးရန်

Gajab Raat

2026ဇာတ်ကား123 မိနစ်

Gajab Raat (2026) ထိုတစ်ည ဇာတ်လမ်းကောင်းတယ်ဆိုမှရိုက်တတ်တဲ့ Family Man မင်းသားကြီး မာနို့ဂျ်ရဲ့ နက်ဖလစ်ထုတ် အသစ်ထွက်မှုခင်းရုပ်ရှင်ကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ ညတစ်ညအတွင်း ရှုပ်ထွေးလှတဲ့ နယူးဒေလီမြို့ကြီးထဲမှာ ဖြစ်ပျက်သွားတဲ့ လျှို့ဝှက်ဆန်းကြယ်မှုခင်းဖြစ်ရပ်တွေကို ဇာတ်အိမ်တည် ပုံဖော်ထားတာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ရဲအရာရှိ အေဂျေး နီရ်ဗစ်ဟာ လာဘ်စားဖို့ ဝန်မလေးသလို အကျင့်ပျက်ခြစားမှုတွေ၊ မိန်းမလိုက်စားမှုတွေနဲ့ နာမည်ပျက်နေပြီး ၁၄ နှစ်ကြာတာတောင် ရာထူးမတက်တဲ့ ဒုရဲအုပ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ညတစ်ညမှာ ပုံမှန်အတိုင်း လာဘ်စားဖို့အတွက် အပေါစားတည်းခိုခန်းတစ်ခုကို ဝင်စီးနေတုန်းမှာ လူသွားလူလာများတဲ့ မြို့ထဲလမ်းမကြီးပေါ်ကို အပြင်းအထန် ဒဏ်ရာရထားတဲ့ မိန်းကလေးတစ်ဦး ကားပေါ်ကနေ ပစ်ချသွားတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံလာရပါတယ်။ အဲဒီအမှုကို အနီးအနားမှာရှိနေတဲ့ နီရ်ဗစ်ကပဲ လမ်းကြုံတာဝန်ယူခဲ့ရပြီး အဲဒီဖြစ်ရပ်ကနေ ပစ်ချခံရတဲ့မိန်းကလေးက ဘယ်သူလဲ၊ ဘာကြောင့် ဒီလို အန္တရာယ်မျိုး ကြုံရတာလဲဆိုတဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ နီရ်ဗစ်စုံစမ်းတဲ့အခါမှာတော့... နိုင်ငံရေးသမားတွေ၊ ရာဇဝတ်ဂိုဏ်းတွေ၊ CBI အရာရှိတွေနဲ့ နိုင်ငံတကာလက်မည်းကြီးတွေ ပါဝင်ပတ်သက်နေတဲ့ အထက်တန်းလွှာ ရာဇဝတ်မှုကွန်ရက်ကြီးထဲကို ခြေစုံပစ် ဝင်ရောက်မိသွားပါတော့တယ်...။ File size… 2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း