ဇာတ်ကားများ ရွေးရန်

Chamber Peril

2026ဇာတ်ကားအမှတ် 4.5/10

စွန့်စားမှုတွေကိုနှစ်သက်တဲ့ လူငယ်တွေကြားမှာ Escape Room လွတ်မြောက်ခြင်းဂိမ်းဟာ ရေပန်းစားတဲ့ကစားနည်းတစ်ခုဖြစ်ပါတယ်။ မတူညီတဲ့အတွေ့အကြုံခံစားမှုတွေပေးနိုင်ဖို့ ဂိမ်းဖန်တီးသူ ရှန့်ကျွင့်ဟာ အတွေ့အကြုံသစ်ကိုရှာဖွေဖို့ရောက်လာတဲ့ ကစားသူ(၅)ဦးကို ဦးဆောင်ကာ ရှေးဟောင်းအိမ်ပုံစံဖန်တီးထားတဲ့ အခန်းတွင်းကိုဝင်ရောက်လာခဲ့ကြပါတယ်။ မထင်မှတ်ပဲ ရုတ်တရက်မတော်တဆမှုဖြစ်ပွားပြီး ရှန့်ကျွင့်နဲ့အတူ ဘလော့ဂါမလေး ချီယိုယိုဦးဆောင်တဲ့ ကစားသမားအဖွဲ့ဟာ အဲဒီဆန်းကြယ်တဲ့အခန်းထဲမှာပိတ်မိသွားပါတယ်။ အပြင်လောကနဲ့အဆက်အသွယ်ပြတ်နေတဲ့ ကျဉ်းမြောင်းတဲ့မစ်ရှင်ဧရိယာအတွင်းမှာ ရုတ်တရက်ကျရောက်လာတဲ့ အသက်အန္တရာယ်အကျပ်အတည်းများကို ရင်ဆိုင်ရင်း သူတို့အဖွဲ့ဟာ အခန်းထဲမှသဲလွန်စတွေကို တစ်စစီလိုက်ကောက်ရင်း တစ်လွှာပြီး တစ်လွှာဖော်ထုတ်ရင်း ထောင်ချောက်တွေကိုသတိထား ကိုင်တွယ်ရုန်းကန်လာခဲ့ကြပါတယ်။ ထွက်ပေါက်ကိုရှာတွေ့နိုင်ဖို့ စည်းလုံးခြင်းတွေ သွေးကွဲခြင်းတွေနဲ့ အနိမ့်အမြင့်တွေအတူရင်ဆိုင်ပြီး ဖြေရှင်းသွားမယ့် သည်းထိတ်ရင်ဖိုဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 794 MB / 463 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Thriller Runtime : 1h 8 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း