ဇာတ်ကားများ ရွေးရန်

If You Were Here Again

2025ဇာတ်ကားအမှတ် 7.5/1097 မိနစ်

If You Were Here Again (2025) IMDb Rating (7.5) "အချိန်ကာလ ၂၅နှစ်ကို ပိုင်းခြားထားတဲ့ မုန်တိုင်းညတစ်ည...." ၁၉၉၈ခုနှစ်က ပြင်းထန်လှတဲ့ မုန်တိုင်းကြီးမလာခင် တစ်ရက်အလိုမှာ ကောင်လေးတစ်ယောက်ဟာ လူသတ်မှုတစ်ခုကို မျက်မြင်တွေ့ရှိခဲ့ပြီး ထွက်ပြေးရင်းနဲ့ သေဆုံးသွားခဲ့ရပါတယ်။ ဒါပေမဲ့ ၂၅နှစ်ကြာပြီးတဲ့နောက်မှာ ၉၈ခုနှစ်တုန်းကလို ပြင်းထန်တဲ့မုန်တိုင်းဆိုးကြီး နောက်တစ်ကြိမ်ကျရောက်လာတဲ့အချိန်မှာတော့ အမျိုးသမီးတစ်ယောက်ဟာ ၁၉၉၈ခုနှစ်က ကောင်လေး လူသတ်မှုကို မသိရှိသေးခင် စက္ကန့်ပိုင်းအလိုဆီကို စကားပြောဆိုဆက်သွယ်လို့ရမဲ့ ဆန်းပြားတဲ့ လိုင်းတစ်ခုကို မတော်တဆ ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ အတိတ်က ကောင်လေးသေဆုံးသွားရမဲ့ ဘေးအန္တရာယ်ဆိုးကြီးကို အမျိုးသမီးက ကာကွယ်ပေးနိုင်ခဲ့ပေမဲ့ အတိတ်ကို ပြောင်းလဲလိုက်တာကြောင့် ပစ္စုပ္ပန်မှာပါ မထင်မှတ်ထားတဲ့ ဆိုးရွားလှတဲ့ အကျိုးဆက်တွေနဲ့ လှည့်ကွက်ကြီးတွေ ကမောက်ကမ ပေါ်ပေါက်လာတဲ့အခါမှာတော့....... အတိတ်နဲ့ ပစ္စုပ္ပန်ကြား ချိတ်ဆက်မှုရဲ့နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ဘဝတွေကို ဘယ်လိုပြန်လည်ပြင်ဆင်ကြမလဲဆိုတာကို ရင်ဖိုစရာ စိတ္တဇဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ File Size : 390MB/ 790MB Quality : WEB- DL 1080p/ 720p Format : mp4 Duration : 1hr 37m Genre : Science Fiction, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း