ဇာတ်ကားများ ရွေးရန်

Special Agent

2020ဇာတ်ကားအမှတ် 6.0/1094 မိနစ်

မြောက်ပိုင်းက ဇီဝလက်နက်အဖြစ် သုံးမယ့် ဗိုင်းရပ်စ်တစ်မျိုးကို ဖန်တီးထားပြီး ဖြေဆေးရဖို့ ပါမောက္ခတစ်ယောက်ကို ခြိမ်းခြောက်နေပါတယ်။ ဇနီးဆုံးပါးသွားပြီးနောက် ဒီစစ်ဆင်ရေးကို တားဆီးဖို့ ဆုံးဖြတ်ထားတဲ့ ပါမောက္ခအတွက် သမီးရဲ့အသက်အန္တရာယ်ကိုလည်း စိုးရိမ်နေရပြန်တယ်။ တောင်ပိုင်းမှာရှိတဲ့ သမီးနဲ့ တွေ့ခွင့်ရအောင် လုပ်ပေးရင် ပူးပေါင်းပေးမယ်လို့ သူက ပြောထားပါတယ်။ တစ်ဖက်မှာလည်း တောင်ပိုင်းအေးဂျင့်တစ်ယောက်က သူ့သမီးကြောင့် လျှို့ဝှက်မစ်ရှင်တစ်ခုကို လုပ်ရဖို့ ဖြစ်လာပါတယ်။ သူ့တာဝန်က ပါမောက္ခဆောင်းကို တောင်ပိုင်းအရောက် ပို့ပေးဖို့ပါ။ ဒီတာဝန်ကို ပြီးမြောက်မှ သမီးရှိတဲ့ တောင်ပိုင်းကို သူပြန်လာနိုင်မှာ ဖြစ်ပါတယ်။ တောင်နဲ့မြောက် နယ်နိမိတ်ကြားက စစ်ဆင်ရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပါ့မလား၊ ပါမောက္ခကရော သူ့သမီးကို ကယ်တင်နိုင်ပါ့မလားဆိုတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဇာတ်လမ်းအကြောင်း