I Give My First Love to You
တကုမ-ခခိနိုအုချိဟာ မွေးရာပါနှလုံးရောဂါကြောင့် ဆေးရုံခဏခဏ တက်နေရတဲ့ ကောင်လေးတစ်ယောက်ပါ။ သူ့ရောဂါကို အဲဒီအချိန်က ကုသလို့မရနိုင်ဘူးဆိုတဲ့ ဆရာဝန်ရဲ့စကားကို မထင်မှတ်ဘဲ သိလိုက်ရပါတယ်။ အသက်နှစ်ဆယ်အထိပဲ ရှင်သန်နိုင်မယ်ဆိုတဲ့ အခြေအနေကြောင့် အစားအသောက်နဲ့ နေထိုင်ပုံကို ဆင်ခြင်နေရသူပါ။ ဆရာဝန်ရဲ့သမီး မယု-တနဲဒက ဆေးရုံမှာ လာကစားရင်း တကုမရဲ့ ကစားဖော်ဖြစ်လာပါတယ်။ သူတို့နှစ်ယောက်က ကလေးဘဝကတည်းက အချစ်ဦးတွေ ဖြစ်လာကြပြီး အမြဲတတွဲတွဲ ရှိနေလို့ ပတ်ဝန်းကျင်ကတောင် ကလေးလင်မယားလို့ ချစ်စနိုးစကြတယ်။ အသက်ဆယ့်ခြောက်နှစ် ရောက်လာတဲ့အထိ မယုက တကုမကို ချစ်နေဆဲဖြစ်ပြီး ငယ်ငယ်က ပေးထားတဲ့ကတိအတိုင်း လက်ထပ်ချင်နေပါတယ်။ တကုမကတော့ ကိုယ့်မှာ အချိန်အများကြီး မကျန်တော့ဘူးဆိုတဲ့စိတ်နဲ့ ချစ်နေပေမဲ့ လမ်းခွဲဖို့ ကြိုးစားနေတယ်။ နောက်ပိုင်းမှာ နှလုံးအစားထိုးကုသမှု ပေါ်လာတာကြောင့် တကုမအတွက် ကိုက်ညီမယ့်နှလုံးကို စောင့်မျှော်လာနိုင်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး ပြေလည်နေချိန်မှာပဲ မတော်တဆမှုကြောင့် ဦးနှောက်သေဆုံးသွားတဲ့ ကျောင်းသားတစ်ယောက်ရဲ့နှလုံးကို အစားထိုးဖို့ အခွင့်အရေး ပေါ်လာတယ်။ ဒါပေမဲ့ အဲဒီကျောင်းသားက သူတို့ရဲ့သူငယ်ချင်း ဖြစ်နေတာပါ။ သူငယ်ချင်းရဲ့နှလုံးနဲ့ အသက်ဆက်ရှင်ဖို့ စိတ်မသန့်တဲ့ တကုမနဲ့ ငယ်ငယ်က မျှော်လင့်ထားတဲ့ မိသားစုဘဝကို လိုချင်နေတဲ့ မယုတို့ ဘယ်လိုဆုံးဖြတ်ကြမလဲ။
ဇာတ်လမ်းအကြောင်း