ဇာတ်ကားများ ရွေးရန်

Cobalt Blue

2022ဇာတ်ကားအမှတ် 6.5/10112 မိနစ်

ကယ်ရလာမှာ နေထိုင်တဲ့ ရိုးရာယဉ်ကျေးမှုကို အလေးထားတဲ့ မိသားစုတစ်စုမှာ တနေးနဲ့ အနူဂျာဆိုတဲ့ မောင်နှမနှစ်ယောက် ရှိပါတယ်။ တနေးက စာရေးဆရာ ဖြစ်ချင်ပြီး အနူဂျာကတော့ ဟော့ကီကစားသမား ဖြစ်ချင်သူပါ။ အိပ်မက်၊ ခံယူချက်နဲ့ မျှော်လင့်ချက်တွေ မတူကြတဲ့ သူတို့နှစ်ယောက်ဟာ အိမ်မှာလာငှားနေတဲ့ လူတစ်ယောက်တည်းကို ချစ်မိသွားကြပါတယ်။ ဒီအကြောင်းကို သိသွားတဲ့ မိသားစုက ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ၊ မောင်နှမနှစ်ယောက်ရဲ့ ရှေ့ဆက်ဘဝကရော ဘယ်လိုဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ ဘဝနဲ့အချစ်ကို ယှဉ်ပြီး ရွေးချယ်ရတဲ့အခါ မေတ္တာကို ဘယ်လိုတန်ဖိုးထားကြမလဲဆိုတာနဲ့ LGBTQ ဘဝအတွေ့အကြုံတွေကို ဖော်ပြထားတဲ့ အိန္ဒိယဇာတ်ကားပါ။ Sachin Kundalkar ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားပြီး မောင်နှမနှစ်ယောက်ရဲ့ ခံစားချက်တွေကို ရှင်းလင်းတဲ့ ရိုက်ကွက်တွေနဲ့ တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း