ဇာတ်ကားများ ရွေးရန်

Her in Frame

2026ဇာတ်ကား

Romance နဲ့ Drama အမျိုးအစားကိုမှ သဘာဝကျကျ အချစ်ဇာတ်လမ်းလေးတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ထိုင်းရုပ်ရှင်ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ ထူးထူးခြားခြား ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ ပိုပြီးတော့ ရင်ထဲကို ထိရှစေမယ့် ဇာတ်ကားလေးဖြစ်ပြီး မင်းသားချော Tor နဲ့မင်းသမီးလေး Lena တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ အနုပညာပြခန်းမှူးအဖြစ် အလုပ်လုပ်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ အောင်မြင်တဲ့ ဓာတ်ပုံဆရာကောင်လေးတစ်ယောက်တို့ကြားက တွေ့ဆုံမှုကို အခြေခံထားတာပါ။ အနုပညာကို မြတ်နိုးတဲ့ ပြခန်းမှူးကောင်မလေးရဲ့ ဘဝထဲကို ကင်မရာတစ်လုံးနဲ့ ဓာတ်ပုံဆရာကောင်လေး ရောက်လာတဲ့အခါ... သူတို့ရဲ့ကနဦးအစက အဆင်ပြေဖြောင့်ဖြူးနေတာမဟုတ်ပေမဲ့ သူတို့ကြားမှာ နှစ်ယောက်လုံးလွန်ဆန်မရတဲ့ဆွဲငင်မှုနဲ့ အတိတ်ရဲ့အရိပ်အယောင်တွေပါနေတဲ့ ပုံရိပ်တစွန်းတစ.. ဒါတွေကိုအဖြေရှာဖို့ သဲလွန်စတွေရဲ့ မြစ်ဖျားခံရာ မြို့ငယ်လေးဆီကိုသွားရင်း သူတို့နှစ်ယောက် ဘာတွေသိလာရမလဲ။ အိပ်မက်ထဲက တမ်းတနေသူဟာ အပြင်လောကကလူနဲ့ ထပ်တူကျနေလား။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်လိုက်ရအောင်ပါ။

ဇာတ်လမ်းအကြောင်း