ဇာတ်ကားများ ရွေးရန်

The Trial aka Le Procès

1962ဇာတ်ကားအမှတ် 7.4/10119 မိနစ်

The Trial (1962) IMDB : 7.6 Rotten Tomatoes : 84% Genre : Thriller / Drama The Trial ကတော့ Citizen Kane Touch of Evil အစရှိတဲ့ ကမ္ဘာကျော် ဂန္တဝင်ကားကြီးတွေကို ဖန်တီးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Orson Welles ကိုယ်တိုင်ရိုက်ကူးပြီး ကိုယ်တိုင်ဝင်သရုပ်ဆောင်ထားတဲ့ Surrealist/Kafkaesque ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Surrealist ဆိုတာကတော့ လက်တွေ့ဘဝမှာမဖြစ်နိုင်ပဲ အိပ်မက်မက်နေသလိုမျိုး ထူးဆန်းလွန်းပြီး ယုတ္တိဗေဒအရရှင်းမပြနိုင်တဲ့ အရာတွေကို အနုပညာနဲ့ပုံဖော်တာဖြစ်ပါတယ်။ Kafkaesque ကတော့ နာမည်ကျော် စာရေးဆရာ Franz Kafka ကို အစွဲပြုပြီး ဖြစ်တည်လာတဲ့ စကားလုံးဖြစ်ပါတယ်။ လူတစ်ယောက်က ဘာအပြစ်မှမရှိပဲ အပြစ်ပေးခံ၊ ဖိနှိပ်ခံရပြီး ရုန်းလေနစ်လေ အဓိပ္ပာယ်မဲ့ ရူးချင်စရာကောင်းလှတဲ့ စနစ်ဆိုးကြီးနှိပ်စက်ခံရတဲ့ အခြေအနေကို ဖော်ပြတဲ့နေရာမှာ သုံးတဲ့စကားလုံးဖြစ်ပါတယ်။ ဆိုတော့ ဒီရုပ်ရှင်က အဲဒီစကားလုံးနှစ်ခုကိုပေါင်းစပ်ထားတာဖြစ်တာမလို “အိမ်မက်ဆန်ပြီး စနစ်ဆိုးကြီးက ဖိနှိပ်နေတဲ့ ရုန်းထွက်မရသော အခြေအနေဆိုးကြီး”လို့ အလွယ်မှတ်လို့ရပါတယ်။ ဒီရုပ်ရှင်က တကယ်ကို အိပ်မက်ဆန်လှပြီး ကြည့်နေရင်းနဲ့ ကြည့်တဲ့လူကိုယ်တိုင်က အိပ်မက်ထဲကိုရောက်သွားသလိုမျိုးဖြစ်သွားလောက်အောင် ကောင်းလှပါတယ်။ ဇာတ်ညွှန်း ဂျိုးဆက်ကေတစ်ယောက် အိပ်ယာက ထကာရှိသေးတယ် အာဏာပိုင်တွေက သူ့ကုတင်ခြေရင်းကိုရောက်နေပါပြီ။ “မင်းကို ငါဖမ်းတယ်ကွာ” ဆိုတဲ့ စတိုင်မျိုးလာလုပ်တော့ ကေ နဲ့ စပြီးငြိကြပါတော့တယ်။ ကေ ကိုယ်တိုင်ကလည်း သူဘာမှမလုပ်ထားဘူးဆိုတာ သိလေတော့ အပြစ်မရှိဘူးဆိုတာ သိနေပါတယ်။ ဒါပေမဲ့ အပြစ်မရှိဘူးဆိုတာက အပြစ်မရှိကြောင်း သက်သေပြနိုင်မှ တကယ်အပြစ်မရှိဘူးမည်မှာပါ။ ဆိုတော့ သူ့ကိုယ်သူအပြစ်မရှိကြောင်း သက်သေပြဖို့ကြိုးစားရင်း ရှုပ်ထွေးလှတဲ့ ဝင်္ကပါလိုမျိုး တရားရေးရာ စနစ်ကြီးထဲမှာ အိပ်မက်ဆန်ဆန်နစ်မြုပ်သွားပါတော့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါ။ File size…    2.5 GB / 1.9 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ..... Thriller / Drama Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း