ဇာတ်ကားများ ရွေးရန်

Avaraachan & Sons

2026ဇာတ်ကားအမှတ် 6.0/10150 မိနစ်

Avarachan & Sons (2026) အာဗာရာချန်နှင့်သားများ IMDb(6.8/10) ဒီဇာတ်ကားကတော့ ဝါရင့်မင်းသားကြီး ဗီဂျေးမေနွန်ရဲ့ မိသားစု ဟာသနဲ့ ဒရာမာ ပေါင်းစပ်ထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ဖျော်ဖြေရေး ဇာတ်ကားပဲဖြစ်ပါတယ်။ အာဗာရာချန် ဆိုတဲ့ အဘိုးကြီးဟာ ဇနီးသည် ဆုံးပါးသွားပြီးတဲ့နောက်ပိုင်း မိသားစုတာဝန်တွေ သိပ်မခေါင်းခံတော့ဘဲ လူပျိုကြီးတစ်ယောက်လိုပဲ သူ့စိတ်နဲ့သူ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သူပေါ့။ ဒါပေမဲ့ သူ့မှာ ဂျိုင်ဆန်နဲ့ ဂျိုင်မွန် ဆိုတဲ့ အရွယ်ရောက်ပြီး သားနှစ်ယောက် ရှိပါတယ်။ အဖေဖြစ်သူရဲ့ တာဝန်မဲ့လှတဲ့ စိတ္တဇပုံစံကြောင့် သားတွေနဲ့ အဖေအကြားမှာ ဆက်ဆံရေးက အဆင်မပြေဘဲ အမြဲတမ်း တုတ်ထိုးအိုး‌ပေါက်နဲ့ အမြင်မကြည် ဖြစ်နေကြတာပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ အာဗာရာချန် တစ်ယောက် မြို့ထဲမှာ ရန်ဖြစ်ရင်း လူငယ်တစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်မိလိုက်ပါတယ်။ ဒီပြဿနာကြောင့်ပဲ သူတို့ မိသားစုရဲ့ ပုံမှန်အေးဆေးရှိ‌ နေတဲ့ ဘဝကြီး တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရတော့တာပါပဲ။ အမှုအခင်းတွေ အကြောင်းပြုပြီး မိသားစုတစ်စုလုံး မွေးရပ်မြေကနေ ထွက်ပြေး တိမ်းရှောင်ကြရတဲ့အခါ... လမ်းခုလတ်မှာ မထင်မှတ်ထားတဲ့ ဒုက္ခဆိုးတွေ၊ ပြဿနာသစ်တွေနဲ့ ရင်းနှီးပြီးသား လူမှုရေး အကျပ်အတည်းတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File size… 2.3 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 30m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း