The Manchurian Candidate
နိုင်ငံရေး လျှို့ဝှက်ပူးပေါင်းကြံစည်မှု နဲ့ စိတ်ပိုင်းဆိုင်ရာ Psychological Thriller ဇာတ်ကားတွေထဲမှာ ရုပ်ရှင်သမိုင်းတစ်လျှောက် အကောင်းဆုံး စံပြလက်ရာတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ "The Manchurian Candidate (၁၉၆၂)" ဂန္ထဝင်ဇာတ်ကားကြီးကို ဒီနေ့မှာ တက်ဆက် ပေးချင်ပါတယ်။ ဒါရိုက်တာကြီး John Frankenheimer ရိုက်ကူးပြီး ကမ္ဘာကျော် အဆိုတော်နဲ့ မင်းသားကြီး Frank Sinatra၊ Laurence Harvey နဲ့ မင်းသမီးကြီး Angela Lansbury တို့ အပြိုင်အဆိုင် သရုပ်ဆောင်ထားတဲ့ Masterpiece ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ ကိုရီးယားစစ်ပွဲကာလမှာ စတင်ပါတယ်။ ကပ္ပတိန် ဘန်းနက် မာကို နဲ့ တပ်ကြပ် ရေမွန် ရှော တို့ ဦးဆောင်တဲ့ အမေရိကန် စစ်သားတပ်စုတစ်စုဟာ ကွန်မြူနစ်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မန်ချူးရီးယား ဒေသကို ခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။ စစ်ပွဲပြီးလို့ အမေရိကန်ကို ပြန်ရောက်လာတဲ့အခါမှာတော့ ရေမွန် ဟာ တိုက်ပွဲအတွင်း သူ့ရဲဘော်တွေရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းအဖြစ် တပ်စုဝင်အားလုံးရဲ့ ထောက်ခံချက်နဲ့အတူ အမြင့်ဆုံး ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ထောက်လှမ်းရေး မေဂျာ ဖြစ်လာတဲ့ မာကို နဲ့ တပ်စုဝင်တချို့ဟာ ညတိုင်း ထူးဆန်းတဲ့ အိပ်မက်ဆိုးတစ်ခုကို တူညီစွာ မက်လာကြပါတယ်။ အဲဒီအိပ်မက်ထဲမှာတော့ ရေမွန် ဟာ သူရဲကောင်းမဟုတ်ဘဲ ကွန်မြူနစ်ခေါင်းဆောင်တွေရဲ့ ရှေ့မှောက်မှာ သူ့ရဲဘော်နှစ်ဦးကို သွေးအေးအေးနဲ့ သတ်ဖြတ်နေတာကို မြင်တွေ့နေရတာပါ။ မာကို တစ်ယောက် ဒီအိပ်မက်ဆိုးရဲ့ နောက်ကွယ်က အမှန်တရားကို လိုက်လံစုံစမ်းတဲ့အခါ သူတို့တပ်စုတစ်ခုလုံးဟာ မန်ချူးရီးယားမှာ ဦးနှောက်ဆေး (Brainwash) ခံခဲ့ရပြီး၊ ရေမွန် ဟာ ဖဲချပ်ထဲက Queen of Diamonds ကို မြင်လိုက်တာနဲ့ စက်ရုပ်တစ်ရုပ်လို ခိုင်းသမျှ လုပ်ကြံသတ်ဖြတ်ပေးမယ့် လျှို့ဝှက်လူသတ်သမား အဖြစ် ပြောင်းလဲခံထားရကြောင်း သိရှိသွားပါတော့တယ်။ ဒီထက်ပိုပြီး ထိတ်လန့်စရာကောင်းတာကတော့ အမေရိကန် သမ္မတရာထူးကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ ဒီနိုင်ငံရေး လုပ်ကြံမှုကြီးရဲ့ နောက်ကွယ်မှာ အာဏာမက်မောလွန်းတဲ့ ရေမွန်ရဲ့ မိခင်ရင်း ကိုယ်တိုင် ကြိုးကိုင်နေတဲ့အခါ မာကို တစ်ယောက် အချိန်မီ ဘယ်လို တားဆီးမလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ စာရေးဆရာ Richard Condon ရဲ့ နာမည်ကြီး ဝတ္ထုကို အခြေခံထားတဲ့ ဒီဇာတ်ကားဟာ စစ်အေးတိုက်ပွဲ (Cold War) ကာလရဲ့ အပြန်အလှန် သံသယပွားမှုတွေနဲ့ နိုင်ငံရေး အစွန်းရောက်မှုတွေကို အကောင်းဆုံး သရော်ထားသလို၊ ဦးနှောက်ဆေးခံထားရတဲ့ စစ်သားတွေရဲ့ အိပ်မက်ဆိုးကို ပြသတဲ့ အခန်း (ပန်းဥယျာဉ်အသင်းက အမျိုးသမီးကြီးတွေရဲ့ အစည်းအဝေးနဲ့ ကွန်မြူနစ် ခန်းမကြီးကို ၃၆၀ ဒီဂရီ ကင်မရာ ရိုက်ချက်နဲ့ တစ်လှည့်စီ ပြောင်းလဲပြသသွားပုံ) ဟာ ရုပ်ရှင်သမိုင်းမှာ ယနေ့တိုင် စံပြအဖြစ် လေ့လာနေရဆဲ ဂန္ထဝင် ရိုက်ချက်တစ်ခု ဖြစ်ပါတယ်။ ရေမွန်ရဲ့ မိခင် Mrs. Iselin အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးကြီး Angela Lansbury ရဲ့ သရုပ်ဆောင်မှုဟာ ကြက်သီးထစရာ ကောင်းလောက်အောင် ပီပြင်လွန်းပါတယ်။ (လက်တွေ့အပြင်မှာ သားအဖြစ် သရုပ်ဆောင်တဲ့ Laurence Harvey ထက် အသက် ၃ နှစ်သာ ပိုကြီးပေမယ့်) ကိုယ့်သားအရင်းရဲ့ ဘဝကိုတောင် နိုင်ငံရေးအာဏာအတွက် အသုံးချဖို့ ဝန်မလေးတဲ့ သွေးအေးရက်စက်တဲ့ မိခင်တစ်ယောက်အဖြစ် သူမရဲ့ သရုပ်ဆောင်မှုက အော်စကာဆု ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ရုပ်ရှင်သမိုင်းတစ်လျှောက် အကောင်းဆုံး အမျိုးသမီး ဗီလိန်ဇာတ်ကောင်စာရင်းမှာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။ ကိုယ်တိုင်လည်း စိတ်ဒဏ်ရာတွေ ခံစားနေရရင်းကနေ သူငယ်ချင်းဖြစ်သူကို ကယ်တင်ဖို့ ကြိုးစားတဲ့ မာကို အဖြစ် Frank Sinatra ရဲ့ တည်ကြည်လေးနက်တဲ့ သရုပ်ဆောင်မှုနဲ့၊ ပတ်ဝန်းကျင်ရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကြားမှာ လွတ်လပ်ခွင့် ဆုံးရှုံးပြီး သနားစရာ သားကောင်ဖြစ်ခဲ့ရတဲ့ ရေမွန် အဖြစ် Laurence Harvey တို့ရဲ့ အပေးအယူက ဇာတ်သိမ်းခန်းအထိ ပရိသတ်ကို အသက်ရှူမှားလောက်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။ (ဒါ့အပြင် Frank Sinatra နဲ့ Henry Silva တို့ရဲ့ ကရာတေး တိုက်ခိုက်ခန်းဟာလည်း အမေရိကန် ဟောလိဝုဒ်ရုပ်ရှင်တွေမှာ ပထမဆုံး ထည့်သွင်းရိုက်ကူးခဲ့တဲ့ Martial Arts အက်ရှင်ခန်းတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။) "The Manchurian Candidate (၁၉၆၂)" ဟာ ၂၀၀၄ ခုနှစ်မှာ မင်းသားကြီး Denzel Washington နဲ့ ပြန်လည်ဆန်းသစ် ရိုက်ကူးခဲ့ဖူးပေမယ့်၊ ၁၉၆၂ ခုနှစ်က မူရင်း အဖြူအမည်း ဇာတ်ကားရဲ့ Tension နဲ့ ဇာတ်အိမ်ခိုင်မာမှုကိုတော့ ဘယ်ကားမှ မမီနိုင်သေးပါဘူး။ ဦးနှောက်စားရတဲ့ နိုင်ငံရေး လှည့်ကွက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ Psychological Thriller)ဇာတ်ကားကောင်းတွေကို နှစ်သက်တဲ့ ပရိသတ်တွေ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ဂန္ထဝင်ကားကြီးအဖြစ် အထူး ညွှန်းဆိုပေးလိုက်ပါတယ်။ File size… 2.7 GB GB / 1.37 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 6m Genre ..... Drama, Mystery, Thriller Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း