ဇာတ်ကားများ ရွေးရန်

Dunhuang Warriors

2026ဇာတ်ကားအမှတ် 5.0/10123 မိနစ်

သမိုင်းစာမျက်နှာတွေမှာ သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ခံရသူတွေ ရှိသလို ဘယ်သူမှ သတိမထားမိခဲ့တဲ့ သာမန်လူတွေရဲ့ စွန့်စားမှုတွေကြောင့်လည်း သမိုင်းတစ်ခု ပြောင်းလဲသွားတတ်ပါတယ်…ကိုယ့်မြို့ ကိုယ့်လူမျိုးနဲ့ ကိုယ့်ရဲ့မျှော်လင့်ချက်တွေအတွက် အသက်ကိုပါ ရင်းနှီးပြီး ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းခဲ့ကြတဲ့ လူတစ်စုရဲ့အကြောင်းကို ဒီတစ်ခေါက်မှာ တင်ဆက်ပေးချင်ပါတယ်…ထန်မင်းဆက်ခေတ်က သဲကန္တာရကြီးရဲ့ အလယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဇာတ်လမ်းဟာ သမိုင်းနောက်ခံ စစ်ပွဲတွေနဲ့ မမျှော်လင့်ထားတဲ့ စွန့်စားခန်းတွေကို ပေါင်းစပ်ထားတဲ့ Dunhuang Warriors ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Cao Dun က ရိုက်ကူးထားပြီး ဇာတ်ညွှန်းကို Ma Boyong က ရေးသားထားပါတယ်..သမိုင်းဖြစ်ရပ်မှန်တွေကို အခြေခံထားပေမဲ့ ဇာတ်လမ်းထဲမှာတော့ အမည်နဲ့ ဇာတ်ကောင်တချို့ကို ပြောင်းလဲဖန်တီးထားပြီး သာမန်လူတစ်စုရဲ့ ကယ်ဆယ်ရေးခရီးစဉ်ကို အဓိကထား တင်ဆက်ထားပါတယ် ဒီဇာတ်ကားလေးဟာ သဲကန္တာရရဲ့ သဘာဝအလှအပ ရှေးခေတ်စစ်ဝတ်စုံနဲ့ လက်နက်ပစ္စည်းတွေ ဓားလှံတိုက်ပွဲတွေကို စိတ်ဝင်စားသူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ် တစ်ချိန်က ထန်မင်းဆက်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိခဲ့တဲ့ ရှားကျိုးမြို့ဟာ တိဗက်တပ်တွေရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး နှစ်ပေါင်း ၆၀ ကျော်ကြာ အမိတိုင်းပြည်နဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ရပါတယ် နောက်ဆုံးမှာ Zhang Yi Chao ရဲ့ ဦးဆောင်မှုနဲ့အတူ မြို့သူမြို့သားတွေဟာ ထန်မင်းဆက်လက်အောက် ပြန်လည်ဝင်ရောက်နိုင်ဖို့ တော်လှန်ရေးစတင်ခဲ့ကြပါတယ်…ဒါပေမဲ့ ရန်သူအင်အားက အဆမတန်သာလွန်နေတဲ့အတွက် အကူအညီရဖို့ အရေးတကြီးလိုအပ်လာခဲ့ပါတယ်…ဒီလိုနဲ့ သူခိုး Wolf Yao Zi၊ တပ်ပြေး Nuo Ci နဲ့ Zhang Yue Ya၊ Cao Guang Zong တို့ပါဝင်တဲ့ အဖွဲ့ငယ်လေးဟာ သဲကန္တာရကြီးကို ဖြတ်ကျော်ပြီး စစ်ကူရှာဖွေရေးခရီးစဉ်ကို စတင်ခဲ့ကြပါတယ် သူတို့ရဲ့ခရီးဟာ အန္တရာယ်တွေပြည့်နှက်နေပြီး ရှားကျိုးပြည်သူတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်ကိုပါ ပခုံးပေါ်ထမ်းထားရပါတော့တယ်…သာမန်လူတစ်စုရဲ့ ဒီခရီးစဉ်က ရှားကျိုးရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပါ့မလား…အင်အားမမျှတဲ့ ရန်သူတွေကြားမှာ သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ပါ့မလား…ဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင် Filesize : 1.64 GB / 940 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action and History Runtime : 2h 3 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း