ဇာတ်ကားများ ရွေးရန်

Space Pups

2023ဇာတ်ကား93 မိနစ်

အာစီ၊ အေ့စ်နဲ့ ဟက်စ်တို့ဟာ အာကာသထဲမှာ ခရီးသွားနေကြတဲ့ ဂြိုဟ်သားတွေပါ။ ဥက္ကာပျံလမ်းကြောင်းထဲ ဝင်သွားလို့ သူတို့ယာဉ် ထိခိုက်သွားပြီး ကမ္ဘာပေါ်ကို အရေးပေါ် ဆင်းသက်လာရပါတယ်။ ဆင်းလာတဲ့ လမ်းတစ်လျှောက်မှာလည်း ယာဉ်အစိတ်အပိုင်းတွေ ပြုတ်ကျကျန်ခဲ့တယ်။ အဲဒီအစိတ်အပိုင်းတွေကို ပြန်ရှာဖို့ အာစီတို့သုံးယောက် ခွေးလေးတွေအဖြစ် ရုပ်ဖျက်လိုက်ကြပါတယ်။ သူတို့ရောက်လာတဲ့ နေရာမှာ မြို့ကနေ နွေရာသီကျောင်းပိတ်ရက်အတွင်း တောမြို့လေးကို လာနေတဲ့ မိသားစုတစ်စု ရှိနေတယ်။ အဲဒီမိသားစုက သားဖြစ်သူ ဆမ်နဲ့ သမီးလေး ကက်စီတို့ဟာ ခွေးအသွင်ယူထားတဲ့ ဂြိုဟ်သားသုံးယောက်နဲ့ တွေ့သွားကြပါတယ်။ ကလေးနှစ်ယောက်က ယာဉ်အစိတ်အပိုင်းတွေကို ပြန်ရှာပေးဖို့ ကူညီကြရင်း အတူတူ စွန့်စားခန်းထွက်ကြတော့တယ်။ လူသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ မိသားစုသိပ္ပံစိတ်ကူးယဉ် စွန့်စားခန်းကားပါ။ တင်ဆက်ပုံက ပေါ့ပေါ့ပါးပါးဖြစ်ပြီး ဂြိုဟ်သားတွေပါတဲ့ တချို့အခန်းမှာတော့ ဖန်တီးထားမှန်း သိသာတဲ့ နေရာတွေ ရှိပါတယ်။

ဇာတ်လမ်းအကြောင်း