ဇာတ်ကားများ ရွေးရန်

Ride or Die

2021ဇာတ်ကားအမှတ် 6.6/10142 မိနစ်

ဇာတ်လမ်းအစမှာ Rei Nagasawa က Nanae Tsujimura ရဲ့ခင်ပွန်းကို သူ့ခန္ဓာကိုယ်နဲ့ ဆွဲဆောင်လှည့်စားပြီး သတ်ဖြတ်လိုက်ပါတယ်။ Rei နဲ့ Nanae တို့ကတော့ မတွေ့ဖြစ်ကြဘဲ အဆက်အသွယ်ပြတ်နေတာ ဆယ်နှစ်လောက် ရှိနေပါပြီ။ တစ်နေ့ Nanae က Rei ကို ပြန်ဆက်သွယ်ပြီး တွေ့ဆုံခဲ့တာပါ။ သူတို့ရဲ့ပတ်သက်မှုက အထက်တန်းကျောင်းဘဝမှာ စခဲ့ပေမဲ့ လိင်တူချစ်သူရည်းစားတွေ ဖြစ်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ငယ်သံယောဇဉ်တွေ ရှိနေကြတဲ့ သူတို့ ဘာကြောင့် ဝေးကွာသွားခဲ့ကြသလဲ၊ ဘယ်လိုဘဝနောက်ခံတွေ ရှိခဲ့ကြသလဲ၊ Rei က Nanae ရဲ့ခင်ပွန်းကို ဘာကြောင့် သတ်ခဲ့သလဲဆိုတာကို တဖြည်းဖြည်း ဖော်ပြထားပါတယ်။ လူသတ်မှုဖြစ်ပြီးနောက် သူတို့နှစ်ယောက် ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာလည်း ဆက်ကြည့်ရမှာပါ။ အမျိုးသမီးချင်း ချစ်သူတစ်ယောက်က သူချစ်ရသူအပေါ် ပေးဆပ်အနစ်နာခံတဲ့အကြောင်းကို အဓိကထားပြီး ၃၆၀ ဒီဂရီ လှည့်ရိုက်ထားတဲ့အခန်းတွေ၊ ဇာတ်ကောင်နောက်ကနေ လိုက်ကြည့်နေရသလို ရိုက်ထားတဲ့အခန်းတွေ ပါဝင်ပါတယ်။ ခံစားချက်တွေကို စကားနဲ့မပြောဘဲ မျက်လုံးအမူအရာတွေနဲ့ ဖော်ပြထားတာတွေလည်း ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာ မြင်ကွင်းတွေကို ထင်ထင်ရှားရှား ဖော်ပြထားလို့ မိသားစုနဲ့အတူ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။

ဇာတ်လမ်းအကြောင်း