Charlie Harper
Charlie Harper (2026) ဒါရိုက်တာ Tom Dean နဲ့ Mac Eldridge ရိုက်ကူးထားပြီး Nick Robinson, Emilia Jones တို့ အဓိက ပါဝင်ထားတဲ့ Romance Drama ကောင်းတစ်ကားဖြစ်ပါတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို တစ်လှည့်စီသွားတဲ့ narrative ပုံစံနဲ့ ရိုက်ကူးထားပြီး ရည်းစားဟောင်းကို မမေ့နိုင်တဲ့သူတွေ အထူးကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Charlie နဲ့ Harper တို့ဟာ အထက်တန်းကျောင်းသားဘဝကတည်းက ချစ်ကြိုက်ခဲ့ကြသူတွေပါ။ ဂီတကို နှစ်သက်ကြတဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းနားလည်ကြပြီး အတူတူရှိနေတဲ့အချိန်တိုင်းမှာ ပျော်ရွှင်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါ Harper ဟာ စားဖိုမှူးတစ်ယောက်ဖြစ်ဖို့နဲ့ ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ဖို့ ရည်မှန်းချက်ရှိလာခဲ့ပေမဲ့ Charlie ကတော့ ဘဝမှာ အောင်မြင်မှုတွေကို အလွန်အမင်းလိုက်စားဖို့ထက် ရှိပြီးသားအရာတွေနဲ့ပဲ ကျေနပ်နေချင်သူတစ်ယောက်ပါ။ တစ်ယောက်က ရှေ့ဆက်တိုးချင်နေချိန်မှာ တစ်ယောက်က နေရာတစ်ခုတည်းမှာပဲ ရပ်တန့်နေချင်လာတဲ့အခါ သူတို့ရဲ့အချစ်ရေးဟာ တဖြည်းဖြည်းနဲ့ အက်ကွဲလာပါတော့တယ်။
ဇာတ်လမ်းအကြောင်း