Rapid Action
ဒီဇာတ်ကားမှာတော့ ဟောင်ကောင်မင်းသား လျန်လဲ့ဝေ (Oscar Leung) က အဓိကဇာတ်ဆောင် သက်တော်စောင့် ကော်ယွမ်ချောင်း (Guo Yuanchao) အဖြစ် ပါဝင်ထားပြီး၊ မင်းသမီး ဝမ်ဖေးဖေး (Wang Feifei) နှင့် သရုပ်ဆောင်ကြီး ထန်ကျန့်ယဲ့ (Kent Tong) တို့က အားဖြည့်ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း - ကိုယ်ပိုင်ပုဂ္ဂလိက လုံခြုံရေးသက်တော်စောင့်တစ်ဦးဖြစ်သူ ကော်ယွမ်ချောင်းဟာ မစ်ရှင်တစ်ခုအတွင်း မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း သက်တော်စောင့်အလုပ်ကနေ ခေတ္တအနားယူကာ သူရဲ့သူငယ်ချင်းဖြစ်သူနဲ့အတူ ဆံသဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ပြီး အေးအေးချမ်းချမ်း နေထိုင်နေခဲ့ပါတယ်။ ဒါပေမဲ့ ကံကြမ္မာက အလှည့်အပြောင်းဖြစ်လာပြီး သူငယ်ချင်းဖြစ်သူရဲ့ သမီးလေးဟာ ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားရပြီး ဆေးကုသဖို့ ငွေကြေးအမြောက်အမြား အရေးပေါ် လိုအပ်လာပါတော့တယ်။ သူငယ်ချင်းရဲ့ သမီးလေးအသက်ကို ကယ်တင်ဖို့အတွက် ကော်ယွမ်ချောင်းဟာ ပိုက်ဆံရမယ့် "ရူဒေါ့ဗ်"လို့ အမည်ရတဲ့ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ဘေးကင်းအောင် ကာကွယ်ပေးရမယ့် သက်တော်စောင့် မစ်ရှင်အသစ်တစ်ခုကို လက်ခံလိုက်ရပါတော့တယ်။ ခရီးစဉ်အတွင်းမှာ သူတို့အဖွဲ့ဟာ မထင်မှတ်ထားဘဲ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေရဲ့ အပြင်းအထန် တိုက်ခိုက်ခြင်းကို ခံရပြီး၊ အဖွဲ့ဝင်တွေနဲ့အတူ ဖမ်းဆီးခြင်းခံရပြီး စစ်ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ လက်ထဲကို ကျရောက်သွားပါတော့တယ်။ အဲဒီနောက်မှာတော့ ကော်ယွမ်ချောင်းဟာ သူကာကွယ်ပေးနေတဲ့ ကုန်သည် ရူဒေါ့ဗ် ဟာ ရိုးရိုးသားသား စီးပွားရေးသမား မဟုတ်ဘဲ အစိုးရစစ်တပ်နဲ့ လျှို့ဝှက်ဇီဝလက်နက် "သွေးပယင်း အရောင်းအဝယ်လုပ်ဖို့ ကြံစည်နေသူဖြစ်မှန်း သိရှိသွားပါတော့တယ်။ သူငယ်ချင်းရဲ့ သမီးလေးကို ကယ်တင်ဖို့နဲ့ အန္တရာယ်ရှိတဲ့ ဇီဝလက်နက်တွေ လူဆိုးတွေလက်ထဲမရောက်အောင် ကော်ယွမ်ချောင်းတစ်ယောက် သွေးပယင်းကို ကြားကနေ လုယူပြီး စက်ရုံပျက်တစ်ခုထဲမှာ ဓားစာခံလဲလှယ်ဖို့ အကွက်ချ စီစဉ်ပါတော့တယ်။ အဲဒီနောက်မှာတော့ သက်တော်စောင့်၊ ကုန်သည်လူဆိုးအဖွဲ့နဲ့ စစ်တပ်အဖွဲ့ သုံးပွင့်ဆိုင် လက်နက်ပြိုင်ပွဲ သေနတ်ပစ်ခတ်မှု အက်ရှင်အလန်းစားတွေကို ကြည့်ရှုရမည့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Filesize : 1.43 GB / 782 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action , Drama Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း